A good news and a bad news

သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုး တစ်ခုရှိတယ်၊ ဘယ်ဟာ အရင် ကြားချင်လဲ ဆိုတာမျိုးကို အများအားဖြင့်တော့ ဟာသစာအုပ်တွေထဲမှာ ပါလေ့ရှိတာ ဖတ်ဖူးမှာပေါ့။ ပုံမှန်အားဖြင့် ဖတ်မိရင် ပြုံးစရာလေးတွေပါ။ ကိုယ်တိုင် တကယ် ကြုံတွေ့ရမှ ဟာသ လုပ်စရာ မဟုတ်ဘူး ဆို တာ သိတော့တယ်။ အရင် အပါတ်က အဲဒီလို ပြောလို့ရတဲ့ အဖြစ်အပျက် နှစ်ခုကို တစ်ရက်တည်း ကြုံလိုက်ရတယ်။ ဘာတွေလဲဆိုတာတော့ အတိအကျ မရေးတော့ပါဘူး။ bad news လို့ပြောလို့ရတဲ့တစ်ခုကို အရင်ကြုံရတာပေါ့။ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ကိုယ့်မှာ ထိုင်မရ ထမရဖြစ်ပြီး ရှေ့ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားလို့မရနိုင်အောင် စိတ်ညစ်သွားစေခဲ့တဲ့ သတင်းတစ်ခုက မနက်စောစော အိပ်ရာနိုးတာနဲ့ ဖုန်းထဲမှာ message အနေနဲ့ ရောက်နေတယ်။ အဲဒီပြဿနာတစ်ခုကို ဖြေရှင်းဖို့ တစ်နေကုန်လုံး ဟိုရုံးသွား ဒီရုံးသွား ဟိုလူနဲ့တွေ့ရ ဒီလူနဲ့တွေ့ရ ဟိုလူ့မေး ဒီလူ့မေးနဲ့ လူလဲ တော်တော် အားအင် ကုန်ခမ်းနေပြီ။ အရပ်ကူပါ လူဝိုင်းပါ ဖြစ်နေတာပေါ့။

အဲဒီကိစ္စနဲ့ ပြေးရင်းလွှားရင်း ဆရာတစ်ယောက်နဲ့တွေ့တယ်။ သူက သတင်းကောင်းတစ်ခု ပြောရဦးမယ်ဆိုပြီး ပြောရော။ သာမန်အချိန်မှာ ကြားလိုက်ရင် ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာရမယ့် မျှော်လင့်မထားတဲ့ သတင်းမျိုး ဖြစ်နေပေမယ့် ကိုယ့်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား မိသိန်းကြည် ဖြစ်နေတယ်။ ဆရာကတောင် နည်းနည်း အံ့ဩနေသေးတယ်။ ဘယ်နှယ့် ဝမ်းမသာနိုင် ဖြစ်နေရသလဲပေါ့။ ကိုယ့်မှာလည်း ဘီလူး သံပုရာသီး စားထားတဲ့ရုပ် ဖြစ်နေတာကိုး။ ငိုရမလို ရယ်ရမလို။ အဖေ အမေတို့ကို ဖုန်းဆက်တော့လည်း ပြောစရာရှိတယ်ပေါ့။ ဒါပေမယ့် one good news and one bad news ပေါ့။ ပုံပြင်တွေထဲကလို ဘယ်တစ်ခု အရင် သိချင်လဲဆိုတော့ မမေးမိလိုက်ဘူး။ ထုံးစံအတိုင်း ညည်းချင်းကနေဘဲ စလိုက်တယ်။ နှစ်ရက်လောက် နေတော့ ပြဿနာတွေ အားလုံးပြီးသွားမှ သာ သက်ပြင်းချနိုင်တော့တယ်။ good news ကလည်း အဲဒီအချိန်မှ သေချာ စဉ်းစားပြီး ဝမ်းသာနိုင်တော့တယ်။ ထခုန်ဖို့တော့ feel လည်း မလာတော့ဘူး။ ပြောမယုံ ကြုံဖူးမှသိဆိုတာ ဒါမျိုးဘဲနေမှာ။

6 comments:

htetlin said...

???
that post i know what u mean...
???

":@

သဉ်ဇာ - Thinzar said...

htetlin>> တော်တယ်..တော်တယ်.. :)

Mhaw Sayar said...

ဘီလူး သံပုရာသီး စားထားတဲ့ ပုံစံ ကို မြင်ကြည့် သွားတယ်ဗျို့. :D

သဉ်ဇာ - Thinzar said...

mhaw sayar>> တင်စားလိုက်တာများ နည်းနည်း လွန်သွားလား မသိဘူးနော်။ =)

နေလင်း said...

တီတီ..အီအီးမှန်ထားတဲ့ ရုပ်လောက်လုပ်လိုက်ပါ..အဲဒါက ပိုလှမယ်..:D . သိတော့သိချင်တယ်..သတင်းကောင်းက ဘာလဲပေါ့..မပြောချင်လို့ မရေးထားတော့လည်း သိချင်စိတ်ကို မြိုသိပ်လိုက်ပါတယ်...ပျော်ရွှင်ပါစေ..

သဉ်ဇာ - Thinzar said...

နေလင်း>> အဲဒီရုပ်တော့ နင်လုပ်ပြမှဘဲ အန်တီသိတော့မကွယ်။

Post a Comment

Please feel free to use any font to comment :)