Fermi Questions

ဒီနေ့ Fermi questions တွေ အကြောင်း နည်းနည်း ဖတ်ဖြစ်တယ်။
A "Fermi question" is a question in physics which seeks a fast, rough estimate of quantity which is either difficult or impossible to measure directly.
တစ်ချို့ မေးခွန်းတွေကို တွေးတော ဆင်ခြင်မှု (intuitive way) နဲ့ ခန့်မှန်း အဖြေထုတ်ဖို့ နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် Enrico Fermi ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းဖြစ်လို့ Fermi questions လို့ ခေါ်တာပါ။ Guess + estimate = guesstimating ပေါ့။ ဥပမာ - How many golf balls can fit in a school bus? How many piano tuners are in New York City? အဲဒီမေးခွန်းတွေကို ဖြေပုံဖြေနည်း သိချင်ရင်တော့ ဒီမှာ သွားဖတ်လို့ ရပါတယ်။


Fermi questions တွေကို job interview တွေမှာ မေးလေ့ ရှိပါတယ်လို့ သိရပါတယ်။ (အများအားဖြင့် အလုပ်နဲ့တော့ သက်ဆိုင်လေ့ မရှိဘူး။)

သူ့နည်းအတိုင်း တစ်ခု စဉ်းစားထားတာ ရှိတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာ ဘယ်နှစ်ယောက် ရှိသင့်သလဲ။


- တောင်ကြီးမြို့ လူဦးရေက တစ်သိန်းခွဲလောက် ရှိတယ် ထားပါတော့။
- ဦးဇင်း၊ မယ်သီလရှင် နဲ့ ကလေးငယ်နဲ့ တစ်ချို့သူတွေဟာ ဆိုင်မှာ ဆံပင် ညှပ်လေ့ မရှိတဲ့ အတွက် လူဦးရေအားလုံးရဲ့ တစ်ဝက် ရသောင်းခွဲလောက်ကို ဆိုင်မှာ ဆံပင်ညှပ်လေ့ရှိတဲ့ လူဦးရေအဖြစ် သတ်မှတ်ပါတယ်။
- လူတစ်ချို့က တစ်လမှာ တစ်ခါလောက် ဆံပင်ညှပ်ပြီး တစ်ချို့က လေးလ၊ ခြောက်လ၊ တစ်နှစ်လောက်မှ ဆံပင် တစ်ခါ ညှပ်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် ဆံပင် ညှပ်ကြတယ်ဆိုတော့ ယေဘုယျအားဖြင့် တစ်နှစ်မှာ နှစ်ကြိမ် ညှပ်တယ် လို့ ယူဆရင်
- (75,000 x 2) / 365 ~ 410 === တစ်ရက်မှာ ပျမ်းမျှ လူလေးရာလောက်က ဆံပင်ညှပ်ဖို့ ဆိုင်ကို သွားကြပါလိမ့်မယ်။
- ဆံပင် တစ်ခါညှပ်တာကို ၁၅မိနစ်ကနေ နာရီဝက်ကြာတတ်တဲ့အတွက် ၂ဝ မိနစ်ကို ပျမ်းမျှယူရင် တစ်ရက်ကို ဆံပင်ညှပ်ဖို့အတွက် (410x20 = 8200 minutes) အချိန်ပေးရပြီး တစ်နှစ်မှာ (8200x365=3143,000minutes =52,383 hours) လိုပါမယ်။
- ဆံပင်ညှပ်ဆရာ တစ်ယောက်ဟာ တစ်ရက်ကို အများဆုံး ၁ဝယောက် ညှပ်ပေးနိုင်တယ်လို့ထားပါတော့။ တစ်ယောက်ကို ပျမ်းမျှ မိနစ် ၂ဝ အချိန်ယူရင် တစ်ရက်ကို (20x10=200minutes per day) တစ်ရက်မှာ ငါးရက် အလုပ်လုပ်ရင် တစ်နှစ်မှာ (200 x 5 x 52 = 52,000minutes ~ 867 hours) အလုပ်လုပ်ပါလိမ့်မယ်။
- ဒီတော့ တောင်ကြီးမြို့က လူတွေကို ဆံပင်ညှပ်ဖို့ ဆံပင်ညှပ်ဆရာ (52,383/867=60.4) ၆၁ ယောက်ရှိရင် လုံလောက်ပါတယ်။

တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆရာမပြောနဲ့ ဆံပင်ညှပ်ဆိုင်တောင် (တစ်ယောက်ထဲဖွင့်ထားတဲ့ ဆိုင်လေးဖြစ်ဖြစ် အများနဲ့ ဖွင့်ထားတဲ့ ဆိုင်ကြီးဖြစ်ဖြစ်) စုစုပေါင်း ၆ဝ ကျော်မယ်လို့ ထင်ပါတယ်။ (ကျမတို့ အိမ်ရှေ့မှာတောင် နှစ်ဆိုင်ရှိတယ်။) ဒီတော့ Fermi ရဲ့ တွေးတောနည်းအရဆိုရင် တောင်ကြီးမြို့မှာ ဆံပင်ညှပ်ဆိုင် ထပ်မလိုအပ်တော့ဘူး။ :D ဘာရယ်မှတော့ မဟုတ်ပါဘူး။ အပျင်းပြေ ပေါ့။ ကြိုက်သလို အမြင် ကွဲလွဲနိုင်ပါတယ်။

Fermi questions တွေကို ဖတ်မိတော့ မူလတန်းတုန်းက ကလေးများနေ့ကို သွားသတိရတယ်။ ကလေးများနေ့ကိုတော့ တောင်ကြီး TTC မှာ တက်ခဲ့ဖူးတဲ့သူတိုင်း အမြဲ အမှတ်ရနေမှာပါ။ နှစ်တိုင်း ဖေဖေါ်ဝါရီ ၁၃ မှာ ကလေးများနေ့လုပ်ရင် ပျော်ပွဲရွှင်ပွဲတွေထဲက တစ်ခုကတော့ ကျောင်းထဲက အလံတိုင်နားမှာ အသီးအနှံ မျိုးစုံ (ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီ စသဖြင့်) ထည့်ထားတဲ့ အိတ် တစ်အိတ် ချိတ်ထားတယ်။ [သကြားလုံးတွေလည်း ပါတယ် ထင်တယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။]အမြင့်ကြီးမှာ ချိတ်ထားတာပေါ့။ ပြီးရင် ကျောင်းသူကျောင်းသား အားလုံးကို ပါဝင်တဲ့ အသီးအနှံ အမည်တွေ ရေးထားတဲ့ စာရွက် တစ်ရွက်စီ ဝေပြီးတော့ ခန့်မှန်း အရေအတွက် ရေးခိုင်းတယ်။ အနီးစပ်ဆုံး မှန်အောင် ခန့်မှန်းနိုင်တဲ့သူက အဲဒီ အသီးအနှံ တစ်ထုတ်လုံး ရမှာ။ ကျမတော့ အမြဲတမ်း ခွက်ခွက်လန်အောင်ကို လွဲတယ်။ Enrico Fermi သာ ရှိသေးရင် သူ့method ကို သုံးပြီး မှန်းလို့ ရမလားတော့ မပြောတတ်ဘူး။

12 comments:

Layma said...

အဲလို နည်းနဲ့ လမ်းနဲ ့ ရှိသတဲ့လား... ။ လေးမ ကတော့ မှန်းသန်းရမ်းသန်း ဖြေနေကြ..။

mmhan said...

တော်တော်တော့ စိတ်ဝင်စားစရာကောင်းသား အနည်းဆုံး marketing လုပ်မယ့်လူတွေ media နဲ့ mass comm သမားတွေအတွက် သိသင့်တဲ့ technique လေးတစ်ခုပဲဗျာ။

ဇနိ said...

ဒီလိုလေးတွေ ဝေမျှတာလည်း ကျေးဇူးပါ။
Fermi Level ဆိုတာကိုတော့ ကြားဖူးတယ်...

သဉ်ဇာ - Thinzar said...

layma>> ဒါလည်း ရမ်းသမ်း ဖြေနည်း တစ်မျိုးပါဘဲ။ ဒါပေမယ့် စနစ်တကျ ရမ်းသမ်းဖြေနည်း ပေါ့။ :D

mmhan>> ဟိဟိ..ရှိသေးတယ်။ တောင်ကြီးမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ဖို့ ကြံနေတဲ့သူတွေလည်း သိသင့်တယ် ထင်တယ်။ =)

မဇနိ>> fermi level ဆိုတာတော့ မသိဘူး။ ရှာဖတ်ကြည့်လိုက်ဦးမယ် အစ်မ

weikhine said...

:)
hee..now me know...wats its all about! thanks for explanation sis :D

mmhan said...

ဟားဟား.. သူတို့တော့ သိဖို့မလိုဘူးထင်တယ်.. သူတို့ဖွင့်ချင်တယ်ဆိုရင်, ဒီ post ကိုသာလာဖတ်ဖို့ပြောလိုက်မယ်

သဉ်ဇာ - Thinzar said...

weikhine>> thanks for dropping comments too ... =)

mmhan>> Aha... နောက်တာပါ။ သူတို့ မသိလည်း ရပါတယ်။ ဥပမာ ပေးစရာ စဉ်းစားလို့ မရလို့ ဆံပင်ညှပ်ဆရာ တွေကို ဆွဲထည့်လိုက်တာ =)

Han Thit Nyeim said...

လူတစ်ယောက်ရဲ့ ခေါင်းမှာ အများဆုံးပေါက်နိုင်တဲ့ ဆံပင်က တစ်သိန်းခွဲတဲ့။
ဒါကြောင့် တောင်ကြီးမြို့မှာ လူဦးရေ တစ်သိန်းခွဲနဲ့ တစ်ယောက် (၁၅၀၀၀၁) စဖြစ်တဲ့ရက်မှာ သေချာတာတစ်ခု ပြောလို့ရသွားပြီ။
အဲဒါက `တောင်ကြီးမြို့တွင် ခေါင်းပေါ်မှာ ဆံပင်အရေအတွက် အတူတူပေါက်သော လူနှစ်ယောက် ရှနေပြီ´ ဟူ၍...။

TZA said...

ဟာ.. နာ့သီဝရီနဲ့တွက်လိုက်တော့ တောင်ကြီးဆံပင်ညှပ်ဆရာတွေ အကုန်လုံး မိန်းခလေးဖြစ်သင့်တယ်လို့ပဲ ထွက်ထွက်လာတယ်၊ တခုခုမှားနေပြီကွာ။

သဉ်ဇာ - Thinzar said...

့Han Thit Nyein>> နောက်တစ်ခု ကောက်ချက်ချလို့ ရသေးတယ်။ "တောင်ကြီးမြို့တွင် ကိုဟန်သစ်ငြိမ်နှင့် ဆံပင်အရေအတွက်တူသောသူ အနည်းဆုံး တစ်ယောက်ရှိသည်" =)

TZA>> ကို TZA သည် Fermi မဟုတ် သလို Fermi သည်လည်း ကိုTZA မဟုတ်သောကြောင့် တူညီသောအဖြေ တစ်ခုတည်း ထွက်နိုင်မည် မဟုတ်ချေ။ တစ်ခုခုလည်း မှားချင်မှ မှားပေလိမ့်မည်။ မှန်လျှင်လည်း မှန်နေပေမည်။ မှန်ခဲ့သည်ရှိသော် နောင်တစ်ချိန် စာမေးပွဲများ အင်တာဗျူးများတွင် TZA သီဝရီ ဖြင့် ဖြေဆိုပါ ဟူသော မေးခွန်းများ ရှိလာနိုင်ပေသည်။ :-P

Mhaw Sayar said...

ကောင်းတယ်ဗျာ ဒီဆောင်းပါးလေးလဲ.. ဘာမှ မပါတဲ့ အတွေးသက်သက်ထက် စနစ်တကျ တွေးတတ်တော့ ပိုကောင်းတာပေါ့..

tinkyawoo said...

င်္Fermi နည်းက မစိုးဘူး။ စနစ်တကျ ဖောရှော လုပ်လို့ရတာပေါ့။ အဲဟုတ်ပေါင်.. စနစ်တကျ တွေးတော ဆင်ချင်လို့ရတာပေ့ါလို့။
ကျွန်တော့် ဘလောဂ်လည်း လာလည်ကြပါအုံး၊ စိတ်ဝင်စားမယ် ထင်တာတွေ ရေးထားလို့

ဟင်း... လူမလာတော့ မရေးချင် . . စာမရေးတော့ လူမလာ . .လူမလာတော့ မရေး . . အဲဒါနဲ့ပဲ မုန့်လုံးစပ်ကူ ကပ်နေလို့
http://mmgamedev.blogspot.com/

Post a Comment

Please feel free to use any font to comment :)