ဆရာစားချန်တယ်ဆိုတာ

ဒီကနေ့ ရုံးက မန်နေဂျာ ပြောတဲ့ စကားလေးတစ်ခွန်းကို သဘောကျလို့ပါ။ သူကမေးတယ်။ တရုတ်ကွန်ဖူးလောက ဘာလို့ မှေးမှိန်သွားသလဲ သိလားတဲ့။ မှေးမှိန်သွားမှန်းတော့ သိတယ်။ (သိုင်းကားတွေအရဆိုရင် ရှေးခေတ်တုန်းက သိုင်းလောကဆိုတာ တကယ်ရှိခဲ့မှာဘဲ။) ဘာကြောင့် သိပ်အရှိန်အဝါမရှိတော့သလဲ ဆိုတာ စဉ်းတော့ စဉ်းစား စရာဘဲ။ ဒါနဲ့ သူကပြောတယ်။
“သိုင်းလောကသားတွေက အမြဲ ဆရာစား ချန်ခဲ့လို့ ဘဲ။ သူတို့က သိုင်းကွက် ၁ဝ ကွက် တတ်ထားရင် တပည့်တွေကို အများဆုံး ၉ကွက်အထိဘဲ သင်ပေးပြီး တစ်ကွက်ကို သူတို့ဖို့ ချန်ထားလေ့ ရှိတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ကြာလာတော့ ပျောက်ကွယ်လုမတတ် ဖြစ်သွားတာပေါ့။ အမှန်က ဆရာ ၁ဝကွက် တတ်ရင် တပည့်ကို အကုန်လုံးသင်ပေးပြီး ဆရာက နောက် ၁၁ ကွက် မြောက်ကို တတ်အောင် လေ့လာ လိုက်စားနေမှ တိုးတက်တော့ မပေါ့။ ဒါကြောင့် ဒီကနေ့ခေတ်မှာ ကိုယ်သိတာ အားလုံးကို မျှဝေပေးနိုင်ရမယ်။ ကိုယ်ကလည်း အမြဲ တိုးတက်အောင် ကြိုးစား အားထုတ် လေ့လာနေရမယ်။ ”

သူတွေးမိတာလည်း ဖြစ်နိုင်တယ်။ တစ်နေရာရာက ဖတ်ဖူးတာလဲ ဖြစ်နိုင်တယ်။ ဘာဘဲဖြစ်ဖြစ် အတွေးလေးက မှတ်သားစရာ ကောင်းပါတယ်။ ကျမ ဆရာစား ချန်သော ဆရာတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။ တတ်သမျှ အားလုံးကို တပည့်တွေကို မျှဝေလိုသော ဆရာများကိုလည်း ရခဲ့ဖူးပါတယ်။

သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို အစဉ်အမြဲ လေးစားလျှက်...

P.S. ထုံးစံအတိုင်း ဘလော့ဂ်ရေးခြင်းကို တစ်ပါတ်လောက် ရပ်ထားပါဦးမယ်။ razz

5 comments:

asotoko said...

najma..
anda telah ditag oleh saya..
sekian, terima kasih ^_^

သဉ်ဇာ - Thinzar said...

asotoko>> okie.. saya akan tulis bila saya rajin.. mekasih.. -.-

kzy1980 said...

နားထားဗျ....နားခွင့်ရတုန်း နားရတာ...
မနက်ဖန်ခါ ကျနော့် နားရက်ဗျ နားလိုက်ဦးမယ်ဗျို့....

Mhaw Sayar said...

အမှန်က အလည်လာသွားတာဗျို့။ အသစ်လာဖတ်ရင်းနဲ့။ စီဘောက်စ်မရှိလို့ ဒီမှာပဲ အော်သွားလိုက်တယ်။

သဉ်ဇာ - Thinzar said...

ကိုကျော်ဇေယျ>> ဘလော့ဂ်နားတာ အလုပ်ခွင့်ရလို့ ဟုတ်ဝူး။ အလုပ် အရမ်းများနေလို့။ OTပါ ဆင်းနေရတယ်။

mblogger >> စီဘောက်စ် နောက်တော့ ပြန်တပ်ပါမယ်။ ရတယ်.. အော်ချင်တဲ့ နေရာမှာသာ အော်သွားကွယ်။ :)

Post a Comment

Please feel free to use any font to comment :)