လောကကြီးက ဒီလိုဘဲ

ဒီနေ့ မဟုတ်ရင် မနက်ဖြန်၊ မနက်ဖြန် မဟုတ်ရင် နောက်တစ်နေ့.. ဒီရက်ပိုင်းအတွင်း တစ်နေ့နေ့ တစ်ယောက်ယောက်က လာပြောလိမ့်မည်ဆိုတာ ကြိုသိနေရက်နဲ့ ဘယ်လိုမှ ရှောင်ပုန်းလို့မရတာ။ ဖုန်းနဲ့ပြောတာ ဖြစ်နိုင်တယ်။ sms ထဲလည်း ရောက်လာနိုင်တာဘဲ။ IM တစ်ခုခုမှာလည်း ကြားရနိုင်တယ်။ email ထဲမှာလည်း ဘယ်အချိန် ရောက်နေမလဲ မသိဘူး။ တစ်ပါတ်လုံး ဖုန်းလာရင်လည်း ရင်တထိတ်ထိတ်၊ email ကိုလည်း မချင့်မရဲ စစ်၊ ဖုန်းထဲ message ဝင်ရင်လည်း ဖွင့်ဖတ်ရမှာ ကြောက်နေတယ်။ IM က အဆိုးဆုံးမို့ လုံးဝ ပိတ်ထားလိုက်တယ်။ တကယ်ကို ရင်မဆိုင်ရဲတာ။ နောက်ဆုံးတော့လည်း… ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုဆိုတာ ဒါဘဲနေမယ်။ [အဖွားဆေးရုံတက်နေတာ တစ်ပါတ်ကျော်ပြီ။ အားလုံးက ပြောတယ် အခြေအနေ သိပ်မကောင်းဘူးတဲ့။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်နိုင်အောင် ကြိုးစားပါတဲ့။ miracle ကို မျှော်နေမိပေမယ့် လောကရဲ့ ရှောင်လွဲလို့မရတဲ့ သဘာဝတရားကိုး။] cry

၁ဝး၃၀PMကျော်နေပြီ။ ရုံးမှာရှိနေတုန်း။ ဘယ်အချိန်မှ ပြန်ရမလဲ မသိဘူး။ မနက်ဖြန်လည်း အစောကြီး သွားရဦးမယ်။ UAT ရယ်။ အမြဲ ဒီလိုဘဲ နှိပ်စက်တော့မှာလား။

2 comments:

SHANYOEMA said...

yeah
I felt it and but we can overcome this kind of situations by sharing all our story.
Daam" I wish I could write comment in burmese.

သဉ်ဇာ - Thinzar said...

yeah.. i feel a bit relief after sharing the story and more relief when getting someone's comment. ရင်းဂလိတ်လို ကောမန့် ရေးလည်း ရပါတယ်။ :)

Post a Comment

Please feel free to use any font to comment :)