FYP CS showcase









Final Year Project showcase မနေ့ကဘဲ ပြီးသွားပါတယ်။ review ကို စာမေးပွဲ ပြီးတော့ အားမှဘဲ ရေးတော့မယ်။ လာရောက် အားပေးသွားတဲ့ သူငယ်ချင်းတွေကော၊ YM, gtalk, blog ကနေ အားပေးတဲ့ သူတွေကိုကော အထူးဘဲ ကျေးဇူးတင်ပါတယ်။ (သဉ္ဖာ့ project က အောက်ဆုံးတစ်ခု.. ပိုစတာ လှတယ်မလား။ သဉ္ဖာလုပ်ထားတာတော့ မဟုတ်ဘူး။ ဟီး...) Wednesday က တစ်ညလုံး ပြင်ဆင်နေလို့ အိပ်တောင် မအိပ်လိုက်ရဘူး။ မနေ့ကလည်း တစ်နေကုန် (10:00AM - 5:00PM) ရပ်ပြီး စကားတွေဘဲ ပြောနေရတော့ တော်တော် ပါးစပ်ညောင်းသွားတယ်။ နေ့လည်စာတောင် မစားလိုက်ရဘူး။ တစ်နေကုန်လုံး စမူဆာ သုံးခုနဲ့ ပြီးသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ပြီးသွားတာဘဲ..

Overall, I'm satisfied with it!!! Thanks to everyone .. FYP supervisor, coordinator, my group mate, all my other FYP mates and everyone who has directly and indirectly helped us..

5 comments:

Layma said...

မိုက်တယ်ကွာ.....အောက်ဆုံးတစ်ခုက အမိုက်ဆုံးပဲ...။

Alvin S. C. Lee said...

Ma Thinzar,
Congratulations! Now you can pamper yourself with a good treat :)

Which one in the photos is your project?

သဉ်ဇာ - Thinzar said...

မလေးမတို့ကတော့ .. ကျေးဇူးတင်ပါတယ်။ ကျန်သေးတယ်.. အဲဒီထက်မိုက်တာတွေ.. :) ဓာတ်ပုံတွေ မကူးရသေးလို့။ (လှပါတယ်ဆို ရေမချိုးရသေးဘူး ဖြစ်နေပြီ။)

Ko Kalvin>> Thanks..
yeah.. what a relief after one whole semester of busy days!! The last one is the posters of my project.. :) isn't it nice??

Nay Nay Naing said...

ဒီနေ ့ exam ပြီးမှာလား။ စနေ၊ တနင်္ဂနွေမှာ စာမေးပွဲတွေရှိသေးလား။ အားလုံးအဆင်ပြေပါစေ။

သဉ်ဇာ - Thinzar said...

ဒီကျောင်းမှာက စနေ တနင်္ဂနွေလည်း စာမေးပွဲ ဖြေရတာဘဲ အစ်မရေ..
ဒီနေ့ဘဲ စာမေးပွဲ ပြီးတယ်။ ဒါပေမယ့် report တွေ ထပ်စရာ ကျန်နေသေးတယ် =|

Post a Comment

Please feel free to use any font to comment :)