Malaysia Airlines Travel Fair

ဒီတစ်ပါတ် မလေးရှားအဲလိုင်းက လေယာဉ်လက်မှတ် ပရိုမိုးရှင်းရှိတယ်။

Booking Period: 10-19 February 2009
Travel Period: 17 Feb 2009 - 30 Sept 2009

အတိအကျသိချင်ရင် မလေးရှားအဲလိုင်း website မှာ သွားဖတ်ပါ။

ရန်ကုန်ကို အသွားအပြန်မှ ရင်းဂစ် ၇၈ဝ လောက်ဘဲကျတယ်။တော်တော်ကို တန်တယ်။ မြန်မာပြည်ကို တစ်ရက် flight နှစ်ခုတောင် ဆွဲပေးပြီဘဲ။ ဈေးချတဲ့အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းတက်တုန်းကလိုဆို ကျောင်းပိတ်ရက်ကို ချိန်ပြီး ကြိုဝယ်ထားလို့ ရတယ်။ အခု အလုပ်လုပ်နေတော့ ဘယ်လဘယ်ရက်မှာ အားမယ်ဆိုတာ ကြိုပြီး မမြင်နိုင်ဘူး ဖြစ်နေတယ်။ အရင်တစ်ခေါက် ခွင့်တစ်လ ယူထားတာလည်း မကြာသေးဘူးဆိုတော့ ငါ့ကို ဘယ်အချိန် ခွင့်ပေးမလဲ သွားမေးရင် အရိုက်ခံရမလား မသိဘူး။ Sydney ကို အသွားအပြန် RM ၁၆၂၉ တဲ့။

4 comments:

ZT said...

ခွင့်ယူချင်ရင် လွယ်လွယ်လေး။ မရှိတဲ့ ဒါမှမဟုတ် သေပြီးသား အမျိုးတစ်ယောက် ဆုံးသွားလို့ အကြောင်းပြလိုက်ပေါ့။ :P

သဉ်ဇာ - Thinzar said...

အင်း..ဟုတ်တယ်နော်။ ဘယ်သူ့ကို ထပ်သေခိုင်းရင် ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်။ ကိုယ့်မှာ အဖိုးအဖွားတွေ မရှိတော့ဘူးဆိုတာ boss က သိနေတယ်။ မွေးစားအဖေတွေဘာတွေ သေခိုင်းရင် ကောင်းမလား မသိဘူး :D

Harun said...

thanks for the Information...I hope I can make it to buy the ticket this time....

သဉ်ဇာ - Thinzar said...

Harun>> :-) you are welcome. So jealous of student's life, you can still plan your holiday...

Post a Comment

Please feel free to use any font to comment :)