Nyaung Shwe Fish Pond and Restaurant

၂၀၁၄ တောင်ရောက်သွားပြီ။ တောင်ကြီးအကြောင်း မရေးဖြစ်တာကြာလို့ အရင်နှစ် သြဂုတ်လပိုင်း တောင်ကြီးပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံအချို့ ပြန်တင်လိုက်ဦးမယ်။ :D ခါတိုင်း တောင်ကြီးတစ်ခေါက်ပြန်ရင် ရေးစရာ စီးရီးလိုက်ရှိပေမယ့် ဒီတစ်ခေါက်က မိုးတွင်းကြီးဖြစ်နေတော့ အပြင်သိပ်မထွက်ဖြစ်လိုက်ဘူး။ Taunggyi trip ကို ပို့စ်တစ်ခုတည်းပေါင်းရေးမို့ဘဲ၊ ဓါတ်ပုံတွေများနေလို့  ၂ခုတော့ ခွဲလိုက်ဦးမယ်။
ခုနောက်ပိုင်း ငါးကန်တွေ ခေတ်စားတယ်။ အင်းလေးကန်နားက ညောင်ရွှေဘက်မှာ ငါးကန်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ နေရာလေးတွေရှိတယ်။ ဒီတစ်ခေါက် ရောက်ဖြစ်တာက ပေါက်ကျော် ငါးကင်ဆိုင်။  
ပေါက်ကျော် ငါးကင်ဆိုင် 
 အထဲမှာ တော်တော်ကျယ်တယ်။ တဲလေးတွေကို ရေထဲမှာ ဆောက်ထားတာ။ အဲလိုတဲပေါင်း ၂၀လောက် ရှိတယ်။ 
အထဲမှာ သီးသန့် တဲလေးတွေနဲ့ အေးအေးဆေးဆေး သာသာ ယာယာရှိတယ်။
 သူ့ဆိုင်မှာ menu.. ဗိုက်တောင်ဆာလာပြီ။ :D ငါးဟင်းတွေက တစ်ပွဲမှ သုံးထောင်ဝန်းကျင်လောက်ဘဲ။ 
 ငါးဟော့ပေါ့၊ ငါးချဉ်စပ်၊ ငါးကြွပ်ကြော်၊ ငါးထောင်း၊ ခရမ်းချဉ်သီးသုပ်။ လူငါးယောက်စားတာ ၂သောင်းတောင် မကျဘူး။ အဲဆိုင်က ငါးစိမ်းသုပ်လည်း တော်တော်စားကောင်းတယ်။ တောင်ကြီးက ကလေးတွေများ အားနေရင် ဆိုင်ကယ်နဲ့ ကဒီးကဒီး သွားကြတာ။ ငါးစိမ်းသုပ်နဲ့ ငါးထောင်းကို highly recommend လုပ်ပါတယ်။ ;)

 
ငါးကင်ဆိုင်ရဲ့ လမ်းဟိုဘက်ခြမ်းမှာ လယ်တောလေးတွေရှိတယ်။  

မစ္စတာ ဒေးဗစ် ငါးကန် (ညောင်ရွှေမြို့)
ဒီတစ်ပုံက သူငယ်ချင်းရဲ့ FB ကနေ မ လာတာ။ မစ္စတာဒေးဗစ်  ငါးကန်နဲ့ ငါးကင်ဆိုင်။ Mr. David မှာက ကိုယ်တိုင် ငါးမျှားလို့လည်းရတယ်တဲ့။ အမေတို့က ပေါက်ကျော်ဆိုင်က ပိုစားကောင်းတယ်လို့ ပြောတာဘဲ။ ဒါပေမယ့် ဒီတစ်ခုက တော်တော်သာယာတယ်။ နောက်ခေါက်ပြန်ဖြစ်ရင်တော့ မစ္စတာ ဒေးဗစ်မှာ သွားစားဦးမယ်။ :)

3 comments:

mabaydar said...

အဲ့ငါးကင်ဆိုင်တွေက ညောင်ရွှေဘယ်နားမှာလဲ မသိဘူး... လှလဲလှတယ်... စားလဲစားချင်တယ်...

Thinzar said...

@mabaydar They're on the way to Inlay Lake, on the ShweNyaung-NyaungShwe Road.. :-) တောင်ကြီးကနေ ဆင်းလာရင် ရွှေညောင်-ညောင်ရွှေလမ်းခွဲထဲ ချိုးဝင်ပြီး ၁၀မိနစ်လောက် မောင်းလိုက်ရင် ရောက်တယ်။ အင်းလေးကန် မရောက်ခင်နားလေး..

စူးနွယ်လေး said...

နောက်တခေါက်မှ စားဖြစ်အောင် စားဖို့ မှတ်ထားလိုက်ပြီ... :)

Post a Comment

Please feel free to use any font to comment :)