Mini cosmetic haul & reviews

ခုတလော စပ်စပ်စုစု ဝယ်ပြီးသုံးဖြစ်တဲ့ cosmetic tools လေးတွေအကြောင်း ပြန်ဝေမျှချင်လို့ ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ youtube ကနေ ဗီဒီယိုဘလော့တွေကို လိုက်ကြည့်ရင်း makeup tutorial တွေကို ကြည့်မိသွားတော့ သူတို့ recommend လုပ်ထားတာလေးတွေကို လိုက်ဝယ်ပြီး သုံးကြည့်ဖြစ်သွားတာ။ makeup tutorial တွေကြည့်ပြီးမှ မိတ်ကပ် လှတပတ လိမ်းတတ်တဲ့ ကောင်မလေးတွေကို တကယ်ချီးကျူးမိတယ်။ မိတ်ကပ်လိမ်းတာလည်း လွယ်လှတဲ့ အလုပ်တစ်ခုမဟုတ်ဘူး။ သူတို့လို လိမ်းတတ်ဖို့ တော်တော်လေ့ကျင့်ယူရမယ်။ ခုတလော သုံးဖြစ်နေတာတွေက ..

၁။ Sigma F80 foundation brush
youtube မှာ makeup tutorial တင်တဲ့ သူတိုင်းက ဖောင်ဒေးရှင်းအတွက် Sigma F80 brush ကို recommend လုပ်တယ်။ BB Cream ရယ်၊ Loreal truematch foundation ရယ်နဲ့ စမ်းသုံးကြည့်တာ တော်တော်ကောင်းတယ်။ နည်းနည်းပျစ်တဲ့မိတ်ကပ် လိမ်းဖို့အတွက်ကြတော့ သိပ်အဆင်မပြေဘူး။ Revlon colorstay whipped creme foundation လိုမျိုး နည်းနည်း ပျစ်တဲ့ ဖောင်ဒေးရှင်းကြတော့  Sigma F60 brush သို့မဟုတ် beauty blender sponge နဲ့လိမ်းရတာ ပိုအဆင်ပြေတယ်။ မလေးရှားမှာတော့ Sigma brush တွေ ရှာဝယ်ရတာ သိပ်မလွယ်တဲ့အတွက် online ကနေ မှာလို့ရတဲ့ Luxola ကို recommend လုပ်ပါတယ်။

၂။ Sigma Mrs. Bunny travel kit
မိန်းကလေးတွေက စျေးလျှော့ပေးရင် လိုလို မလိုလို အကုန်ဝယ်ချင်ကြတယ်ဆိုတာ တကယ်မှန်တယ်။ :D Halloween အတွက် Luxola က ၃၀% ကြီးများတောင် စျေးလျှော့ပေးတာတွေ့တော့ Sigma ရဲ့ Mrs bunny travel kit ကို ဝယ်ဖြစ်သွားတယ်။ တော်တော် စျေးသက်သက်သာသာနဲ့ ရလိုက်တယ်။ Brush ၇ချောင်းပါတယ်။ F60 foundation brush, F30 large powder brush, F40 Large Angled Contour ကို တော်တော်သဘောကျနေတယ်။ Eyeshadow brush တွေကတော့ သေချာစမ်းမသုံးကြည့်ရသေးဘူး။ 

၃။ Luxola (online makeup shopping site)
Sigma brush တွေကို ဘယ်ကနေ အလွယ်တကူဝယ်လို့ရမလဲ လိုက်ရှာရင်း Luxola ကိုသွားတွေ့တာ။ အဲဒီ site က စင်ကာပူ base ဖြစ်ပြီးတော့ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများကို free shipping ပို့ပေးတယ်။ review တွေလိုက်ဖတ်ဖြစ်တော့ ဝယ်တဲ့သူတိုင်း အဆင်ပြေတယ် ပြောကြတဲ့အတွက် စစချင်း F80 brush အရင်မှာကြည့်တယ်။ သုံးရက်နဲ့ ရောက်တယ်။ first-time user ဆိုတော့ ၂၀% discount ရတယ်။ ဒစ်စကောင့်ကုဒ်က LXBLOG ။ အခု သုံးလို့ရသေးလားတော့ မသိဘူး။ ပြီးတော့ အရင်အပါတ်က Halloween အတွက် ဘာဝယ်ဝယ် 30% လျှော့ပေးတယ်ဆိုတော့ Sigma Mrs. Bunny travel kit မှာလိုက်တယ်။ သူငယ်ချင်းတစ်ယောက်ကလည်း Sigma essential kit လိုချင်တယ်ဆိုတော့ ထပ်မှာတယ်။ ကြာသပတေးနေ့မှာတာ နောက်အပါတ် တနင်္လာနေ့မှာ ရောက်တယ်။ ၃၀% စျေးလျှော့ပေးတာဆိုတော့ တော်တော်တန်သွားတယ် ပြောရမယ်။ ဝယ်ရတာ၊ ငွေချေရတာ၊ မကြာခဏ စျေးလျှော့ပေးတာ၊ free shipping ပေးတာ အားလုံး အဆင်ပြေတဲ့အတွက် recommend လုပ်ပါတယ်။ သူ့ရဲ့ facebook page ကို like ထားရင်တော့ မကြာခဏ စျေးလျှော့ပေးတာတွေ မလွတ်တော့ဘူးပေါ့။ 

၄။ Beauty Blender Sponge
ဖောင်ဒေးရှင်းလိမ်းနည်းတွေ ကြည့်ရင်းနဲ့ beauty blender ဆိုတာ သွားတွေ့တယ်။ original က ဒေါ်လာ ၃၀လောက် ပေးရပေမယ့် ခုခေတ်မှာ တရုတ်ပြည်ကြီးရှိနေတော့ ခပ်ဆင်ဆင်လေးတွေကို စျေးသက်သက်သာသာနဲ့ ရတယ်။ တရုတ်က ထုတ်တာတွေလည်း ကောင်းတယ်လို့ ပြောကြတဲ့အတွက် Lelong ကနေ မှာလိုက်တယ်။ [Lelong က မလေးရှားမှာ လူသုံးအများဆုံး online shopping ဝက်ဘ်ဆိုဒ်ပါ။] ခုထိ သုံးကြည့်သလောက်တော့ မဆိုးဘူး။ ရိုးရိုး sponge နဲ့လိမ်းတာထက်တော့ လိမ်းလို့ ပိုကောင်းသလိုဘဲ။ sponge ကို ရေဆွတ်ပြီး မိတ်ကပ်ကိုတို့၊ ပြီးတော့ stippling motion ပုံမျိုးနဲ့ လိမ်းရတယ်။ youtube မှာtutorial တော်တော်များမျာရှိတယ်။ စျေးသိပ်မကြီးလို့သာ ဝယ်လိုက်တာ။ သိပ်အသုံးဝင်လိမ့်မယ်လို့ အစက မထင်ဘူး။ ဒါပေမယ့် တကယ်သုံးကြည့်တော့ တော်တော်ကို သဘောကျမိတယ်။ သဘာဝကျကျ ရုပ်ထွက်မျိုးရတယ် ထင်မိတယ်။ မလေးရှားမှာတော့ ရင်းဂစ် ၁၀ ဘဲပေးရတယ်။ စျေးလည်း သိပ်မများတဲ့အတွက် စိတ်ဝင်စားရင် စမ်းသုံးကြည့်ပါ။ :)

၅။ Konjac Sponge
မိတ်ကပ်လိမ်းတာများရင် မျက်နှာက dead skin cell တွေကို ရိုးရိုး မျက်နှာသစ်တာနဲ့ မပြောင်တော့ဘူးတဲ့။ အများစုကတော့ မသက်ဝေ တစ်ခေါက်ရေးဖူးတဲ့ Clarisonic Mia 2 cleansing brush သုံးကြတယ်။  ခုနောက်ပိုင်း Olay ကနေ ထုတ်တာလည်းရှိတယ်။ Konjac sponge တွေက Clarisonic brush တွေလောက်နီးနီး မျက်နှာကို သန့်စင်စေတယ်လို့ review တွေမှာ ဖတ်မိတော့ တယ်ဟုတ်ပါလားဆိုပြီး စမ်းဝယ်ဖြစ်တယ်။ ရင်းဂစ် ၁၅ကျပ်လောက်ဘဲ။ Konjac sponge တွေကို အာလူးလိုမျိုး အပင်ရဲ့ အမျှင်ကနေ ထုတ်ထားတာတဲ့။ ဂျပန်လူမျိုးတွေ အသုံးများတယ်။ Dead skin cell တွေကို exfoliate လုပ်ဖို့ သင့်တော်တဲ့ product တစ်ခုပါ။ sponge က ခြောက်နေရင် မာတောင့်နေပြီး မသုံးခင် ရေနဲ့ တစ်မိနစ်လောက် စိမ်ပေးရတယ်။ ပွလာပြီး ပျော့ပျော့လေးဖြစ်လာတဲ့အခါ ဆပ်ပြာနဲ့ သန့်စင်ပြီးသား မျက်နှာကို sponge နဲ့ circular massage လုပ်ပေးရုံဘဲ။ တစ်မိနစ်လောက်ပေါ့။ တစ်ပါတ်ကို တစ်ခေါက် နှစ်ခေါက်လောက် သုံးလို့ရတယ်တဲ့။ စမ်းကြည့်သလောက်တော့ တော်တော်သဘောကျမိတယ်။ 

နောက်လည်း သဘောကျတာလေးတွေရှိရင် ထပ်ပြီး share ပါဦးမယ်။ :)

2 comments:

Yangon Girl's makeup blog said...

Fantastic blog.. keep it up sis yayy.. Sigma ဘရပ်တွေက Mac နဲ့တော်တော်တူ ပြီး ဈေးပိုသက်သာတယ်ပြောတယ်.. မသုံးဘူးသေးဘူး review လေးတင်ပေးပါအုံးနော် :D

Thinzar said...

Yangon Girl>> Mac brush တွေတော့ အစ်မ မသုံးဖူးဘူး။ review တွေအရတော့ F80 foundation brush ကို mac ထက်တောင် ကောင်းတယ်ပြောကြတာဘဲ။ ခုထိသုံးကြည့်သလောက် တော်တော်အဆင်ပြေတယ် ညီမ :)

Post a Comment

Please feel free to use any font to comment :)