Photo Sphere: capturing the world around you

Android 4.2 မှာ ပါလာတဲ့ Photo Sphere ကိုသုံးပြီး စမ်းရိုက်ထားတဲ့ပုံတွေ ကြွားလိုက်ပါဦးမယ်။ :D တစ်ပုံမှတော့ စိတ်ရှည်လက်ရှည် သေချာမရိုက်ရသေးဘူး။ ၃၆၀ဒီဂရီ လှည့်ပြီး ရိုက်ရတာဆိုတော့ လူကြားထဲ ရိုက်လို့ကလည်း မကောင်းဘူး။ ဖုန်းကိုင်ပြီး တစ်ပါတ်လည်နေရင် လူတွေက အူကြောင်ကြောင်ဆိုပြီး ဝိုင်းဝိုင်းကြည့်တာနဲ့ ပုံကောင်းကောင်းကို မရသေးဘူး။ တစ်ခါတစ်လေ သေသေချာချာ ရိုက်လို့ပြီးခါနီးမှ ဖုန်းကောလ်ဝင်လာရင် app က ဟန်းသွားပြီး ပုံက ပျက်သွားရော။ ရောက်လေရာအရပ်မှာ စမ်းရိုက်ထားတဲ့ပုံလေးတွေနဲ့ မျက်စိဒုက္ခ ပေးလိုက်ပါဦးမယ် :D 
------------
Camera: Galaxy Nexus, 5.0 MP
Android version: 4.2.1
-------------
 ကျောင်းမှာ ရိုက်ထားတာ Faculty of ICT building, IIUM [view on Google+]
 
ဒီတစ်ပုံက Tasik Titiwangsa ပန်းခြံမှာ [view on Google+]

မလေးရှားနိုင်ငံရဲ့ အကြီးဆုံးဗလီ Shah Alam Blue Mosque

 Shah Alam I-city က LED wonderland (ဒီတစ်ပုံ သေချာကြည့်ရင် ခြေပြတ်တွေရော ခေါင်းပြတ်တွေရော ပါတယ်။ :D)
အပေါ်ကပုံလို ၃၆၀ဒီဂရီ ပြည့်အောင် ရိုက်ထားမယ်ဆိုရင် "apply tiny Planet" ဆိုပြီး ခုလို အဝိုင်းဖြစ်အောင် လုပ်လို့ရသေးတယ်။ အလယ်က ဝိုင်းမနေတာကတော့ ၃၆၀ ဒီဂရီပြည့်ဖို့ နည်းနည်းလိုသွားလို့။ ကျန်တဲ့ပုံတွေကတော့ တစ်ပိုင်းတစ်စဘဲ ရိုက်ထားတာမို့ tiny Planet လုပ်လို့မရဘူး။ 

4 comments:

aeon said...

Android 4.2.2 feature တွေတင်ပါဦးဗျာ
4.2.1 to 4.2.2 OTA update ကဘယ်လိုမှအဆင်မပြေဘူး။4.2.1 takjuကRootedလုပ်ထားလို့တော့မသိဘူး။update ကလည်းကျော်ဒေါင်းမှဘဲရတယ်။ restart and install လုပ်ရင် cwm recovery mode မှာ error တက်ပြီးမရတော့ဘူး။ဘယ်လို လုပ်ရမလဲမသိတော့ဘူး

Yan Naing Aye said...

အင်း အဲလို ပုံတွေရိုက်ချင်တာ။ အခုကိုင်နေတာ ဂလက်ဆီ နုတ်တူး ဆိုတော့ ရိုက်လို့ မရဘူးထင်တယ်။ အပလီကေးရှင်း ကို ဖိုတို စဖီးယားဆိုပြီးရိုက်ရှာတော့ လည်း သေချာ မတွေ့မိဘူး။ ပလေးစတိုးက ညွှန်းတဲ့ အင်စတာဂရမ် တော့ အင်စတော လုပ်ကြည့်ပြီးပြီ။ မသုံးတတ် မစမ်းရ သေးဘူး။

Thinzar said...

aeon>> ဟုတ်တယ်။ Android ရဲ့ OTA updates တွေက root လုပ်ထားရင် ဒေါင်းလုတ်လုပ်လို့ရတယ်။ install လုပ်တဲ့အခါ တိုင်ပါတ်နေရော။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ 4.2.1 ကို root ထားပေမယ့် 4.2.2 ကို OTA သွင်းလို့ရသွားတယ်ပြောတယ်။ ဒါပေမယ့် unroot တော့ဖြစ်သွားတယ်။ 4.2.2 မှာက updates ပိစိလေးတွေအများကြီးဆိုတော့ မရေးတော့ပါဘူး :D ဒီမှာ goo.gl/iw1dr ရေးထားတာတွေတော့ တော်တော်စုံတယ်။

Thinzar said...

ကို Yan Naing Aye>> Photo Sphere က Android 4.2 ရဲ့ feature ဆိုတော့ app သပ်သပ်မရှိလောက်ဘူး။ နုတ်တူးလည်း မကြာခင် update ရလောက်ပါတယ်။ :)

Post a Comment

Please feel free to use any font to comment :)