နည်းပညာဟာ တစ်ခါတစ်လေ လူတွေကို အစွန်းရောက်စေတယ်တဲ့။ ကိုယ်လဲ ဘယ်လို အစွန်းရောက်နေလဲ ဆိုတာ....(E သည် အီးမေးလ် သုံးစွဲလွန်းခြင်းကြောင့်ဖြစ်ပြီး B သည် ဘလော့ဂ်ရေးလွန်းခြင်းကြောင့်)
အထီးကျန်ဆန်လွန်းခြင်း
E - ဘေးချင်းယှဉ်ထိုင်နေသော်လည်း အီးမေးလ်ဖြင့် ဆက်သွယ်ကြသော လူနှစ်ဦး
B - ဘလော့ဂ် စီဘောက်စ် တွင် ဘယ်သူမှ လာမအော်ကြခြင်း
သူရဲဘော ကြောင်လွန်ခြင်း
E - အီးမေးလ် အပြန်အလှန်ပို့ပြီး ရန်ဖြစ်နေကြသော သူနှစ်ယောက်
B - ဘလော့ဂ် စီဘောက်စ်တွင် ဖိုက်တင်လုပ်ကြသော သူများ
ခိုကိုးရာမဲ့လွန်းခြင်း
E - တစ်ပါတ်အတွင်း အီးမေးလ် တစ်စောင်မှ မရပါသည့် ခံစားချက်
B - မိမိရေးထားသော ဘလော့ဂ်ပို့စ်များကို တစ်ပါတ်အတွင်း မည်သူမျ ကောမန့် လာမချခြင်း
အလွန်အမင်း စိတ်ရှုပ်စရာကောင်းခြင်း
E - …အီးမေးလ် ဆာဗာ ဒေါင်းနေလျှင်…
B - ဘလော့ဂါ ကို ဘန်းလိုက်လျှင် ကျော်ခွဝင်ရန် စဉ်းစားရခြင်း
နမော်နမဲ့ နိုင်လွန်းသူ
E- ရည်းစားစာရေးပြီး အီးမေးလ်ဖြင့် ပို့မည်ကြံကာ အားလုံးသို့ မှားပို့မိသောသူ
B - ဘလော့ဂ် အများကြီး တစ်ပြိုင်တည်း ဖွင့်ထားသောကြောင့် စီဘောက်စ်မှား၍ မဟုတ်မဟတ် ရေးမိသူ (ကောမန့်က ဖျက်လို့ ရသေးတယ်။)
အောင်မြင်မှ ုကြီး တစ်ရပ်
E - ကောင်မလေးတစ်ယောက်ထံမှ သူငယ်ချင်း ဖြစ်ချင်သည်ဆိုသော အီးမေးလ် ပြန်စာ ရရှိခြင်း
B - comment သို့မဟုတ် hitပေါင်း ရာကျော်သွားခြင်း
အလုပ်မရှိသူ
E - ကိုယ့်ကို ကိုယ် အီးမေးလ် ပြန်ပို့နေသောသူ
B - ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ကိုကိုယ် anonymous အနေဖြင့် comment ပြန်ပေးနေသူ
ကွန်ပျူတာ ရောဂါ
E - ရေကူးရင်း ရေနှစ်သွားသော် ကယ်ပါဟု မအော်ဘဲ F1 F1 ဟု အော်နေသူ
B - ဘလော့ဂ်ဂါရောဂါ လို့ခေါ်ရမယ်။ A blog post a day, keep the doctor away ဟု ယုံကြည်နေသူ
တစ်ဖက်သတ် ခင်မင်လွန်းခြင်း
E - ငါကတော့ အီးမေးလ် အမြဲပို့ပေမယ့် နင်က ဘယ်တော့မှ စာမပြန်ဘူး။
B - ငါကတော့ သူပို့စ်တင်တိုင်း အမြဲဖတ်ပြီး ကောမန့်ပေးတယ်။ သူကတော့ ငါ့ဘလော့ဂ်ကို လှည့်တောင် မကြည့်ဘူး။
အလွန်အားနေသူ
ဒီလိုစာတွေကို အချိန်ကုန်ခံပြီး လိုက်ဖတ်နေသူ
အလုပ်မရှိ အလုပ်ရှာသူ
အလုပ်တွေ ပြီးအောင်မလုပ်ဘဲနှင့် ဘလော့ဂ်တွင် စာတင်ရန် အီးမေးလ် တစ်စောင်ကို ထိုင်၍ ဘာသာပြန်နေသော ကျွန်ုပ်..
(Email တစ်ခုမှ ရသော ဟာသတစ်ခုကို ဘာသာပြန်၍ ဘလော့ဂ်ဂါမှ ု ပြုထားခြင်းဖြစ်ပါသည်။)
ဖတ်ပြီး ထပ်ဖြည့်ပေးချင်တာလေးတွေ ရှိရင်လည်း ထပ်ဖြည့်ပေးသွားကြပါ။
Original version ဖတ်ချင်တယ်ဆိုရင်...
EXTREME OF ISOLATION:
Two persons sitting side by side using emails to communicate with each other.
EXTREME OF COWARDICE:
Two persons fighting through emails.
EXTREME OF HELPLESSNESS:
Receiving no emails for a week.
EXTREME OF FRUSTRATION:
The email server being down.
EXTREME OF CARELESSNESS:
Writing a love mail and doing a 'Send All.'
EXTREME OF ACHIEVEMENT:
A person sending email to a girl wanting to become friends and getting a reply.
EXTREME OF TIMEPASS:
A person sending email to himself.
EXTREME OF BROWSING:
Ur swimming in the water tank and shout "F1 F1 F1?" instead of shouting "HELP" when u are unable to swim..
EXTREME OF MY FRIENDSHIP:
I always mail, u don't.
EXTREME OF HAVING NO WORK:
You reading such mails.