Cream Puff with Custard filling

Pastry တွေထဲမှာ Cream Puff နဲ့ Croissant ကို တစ်အားကြိုက်တယ်။ Cream Puff ကို ချောကလက် topping ထည့်လိုက်ရင် အီကလဲဖြစ်သွားရော။ အများအားဖြင့် အီကလဲက ရှည်မြောမြောပုံစံ။ တစ်နေ့ မEvy ဘလော့ဂ်မှာ ဖတ်မိတော့မှ လုပ်ရတာ လွယ်တဲ့ပုံပေါက်တာနဲ့ လိုက်လုပ်ကြည့်တာ။ Cream puff လုပ်နည်းကို မEvy နဲ့ မအိချော ဘလော့ဂ်၂ခုကနေ မှီငြမ်းတယ်။ ပြီးတော့ youtube ထဲကနေ ဒီvideo နဲ့ ဒီvideo တွေမှာ လုပ်နည်းကြည့်တယ်။ ဒီတစ်ခေါက် တတိယအကြိမ်မြောက်လုပ်မှ နည်းနည်းလှတပတထွက်လာလို့ လုပ်နည်း ပြန်ရှဲလိုက်ပါတယ်။ 
Cream Puff with Custard Filling

INGREDIENTS
Cream Puff (~16 pieces)
ဂျုံ − ၇၅ ဂရမ်
ကြက်ဥ − ၂လုံး
ထောပါတ် − ၄၅ ဂရမ်
ရေ − ၁၂၅ မီလီလီတာ (ml)
သကြား − 1tbsp (ထမင်းစားဇွန်းတစ်ဇွန်း)
ဆား − အနည်းငယ်

Custard Filling 
Custard Powder − 1tbsp (ထမင်းစားဇွန်း)
Corn Starch - 1tbsp (ထမင်းစားဇွန်း)
ဗနီလာနံ့ − ၂စက်
ကြက်ဥ − ၁လုံး
သကြား − 1.5tbsp
နွားနို့ − 250ml
Ingredients တွေ 
Cream Puff အခွံလုပ်နည်း 
၀။ oven ကို ကြိုဖွင့်ထားပါ။
၁။ ဂျုံကို ဇကာချပြီး ဆား+သကြား တို့နဲ့ ရောမွှေထားပါ။ 
၂။ မီးဖိုပေါ်မှာ ရေ ၁၂၅ml ကို တည်ပါ။ နည်းနည်းနွေးလာပြီဆိုရင် ထောပါတ်ကို ထည့်ပါ။ ရေဆူပြီး ထောပါတ် အကုန်ပျော်သွားတဲ့ထိ စောင့်ပါ။ [ပုံနံပါတ် ၁]
၃။ မီးဖိုပေါ်က ခဏချလိုက်ပြီး နံပါတ်၁ မှာရောထားတဲ့ ဂျုံအရောကို ထည့်ပြီး သမအောင်မွှေပါ။ [ပုံနံပါတ် ၂]
၄။ ပြီးရင် မီးဖိုပေါ်ပြန်တင်ပြီး​ မျက်နှာပြင်ချောလာတဲ့အထိ မွှေပေးပါ။ မကပ်အောင် သစ်သားဇွန်းနဲ့မွှေရင် ပိုကောင်းပါတယ်။ (သုံးမိနစ်ခန့်) 
၅။ မီးဖိုပေါ်ကချပြီး ခဏ အအေးခံထားပါ။ [ပုံနံပါတ်၃ထဲက ပုံမျိုး ရပါမယ်။]
၆။ ကြက်ဥ ၂လုံးကို ခလောက်ပြီး ခုနက ဂျုံအရောထဲကို ထည့်မွှေပါ။ သုံးခါလောက်ခွဲထည့်ပါ။ မွှေစက်နဲ့ မွှေမွှေ လက်နဲ့ ဒီတိုင်း မွှေမွှေ ရပါတယ်။ [ပုံနံပါတ် ၄]
၇။ ပြီးရင် piping bag  နဲ့ ဗန်းထဲစီထည့်လို့ရပါပြီ။ ဒီ recipe နဲ့ဆို သဉ္ဇာ့ oven ဗန်း တစ်ဗန်းစာ ကွက်တိဘဲ ၁၆−၂၀ခုလောက် ရတယ်။ (ဗန်းပေါ်မှာ baking paper အရင်ခံပါ။) piping bag မရှိရင် ဒီတိုင် ဇွန်းနဲ့ထည့်ပြီး ပုံဖော်လည်းရတယ်။
၈။ ၁၉၀'C မှာ ၁၀မိနစ်၊ ၁၇၀'C မှာ မိနစ်၃၀လောက်ဖုတ်ပါ။ 

ပြီးတာနဲ့ သူ့ဘာသူ ပွတက်လာပြီး အလယ်မှာ အခေါင်းပေါက်လေး ဖြစ်သွားတယ်။

အထဲထည့်မယ့် Custard Filling

၁။ နွားနို့ + Custard powder + Corn Starch + ကြက်ဥ + သကြား တို့ကို သမအောင် ရောမွှေထားပါ။ 
၂။ ပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်လာတဲ့အထိ မွှေပေးပါ။ ပျစ်လာတဲ့အခါ ဗနီလာနံ့ ၂စက်ကိုထည့်မွှေပြီး မီးဖိုပေါ်ကချ အအေးခံထားပါ။ 

စောနက လုပ်ထားတဲ့ cream puff အခွံကို အလယ်နားကနေ ဖြတ်ပြီး piping bag နဲ့ custard filling ကိုထည့်လိုက်ရင် cream puff ရပါပြီ။ piping bag မရှိလည်း နည်းနည်းကျယ်ကျယ်ဖြတ်ပြီး ဇွန်းနဲ့ထည့်လို့ ရပါတယ်။ :) 

~ Happy Sweet December! ~

0 comments:

Post a Comment

Please feel free to use any font to comment :)