Nexus story

ဟိုးရှေးရှေး android ဖုန်းတွေ စခေတ်စားတုန်းကပေါ့ကွယ်။ Nexus One ကို အသည်းအသန်လိုချင်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဒါပေမယ့် မလေးရှားမှာ တော်တော်ရှာဝယ်ရခက်တဲ့အပြင် စျေးကလည်းများတော့ သူလက်လှမ်းမှီရာ HTC Hero နဲ့ဘဲ ကျေနပ်လိုက်ရတယ်တဲ့။ ဒါပေမယ့် နောက်ထပ်ဖုန်းတစ်လုံး ဝယ်ရင်တော့ Nexus ဖုန်းဘဲ ဝယ်မယ်လို့ ဆုံးဖြတ်ထားသတဲ့ကွယ်။ ကြားထဲမှာ Nexus S ထွက်ပေမယ့် မကြာခင်ဘဲ Galaxy Nexus ကို ကြြေငာတော့ dual core ဖုန်းကြီးကို လိုချင်ပြီး စောင့်နေခဲ့တယ်။ ဖုန်းထွက်လာတဲ့အခါ screen size က 4.7” ဆိုတော့ တော်တော်ကို ကြီးနေတယ်။ ဆိုင်သွားကြည့်လိုက်.. ငါ့လက်နဲ့ ကိုင်လို့ ဆန့်ပါ့မလားတွေဝေလိုက် ပြန်လာလိုက်.. စျေးနည်းနည်းကျသွားတာ ကြည့်လိုက် ဝယ်မယ်လုပ်လိုက်.. SD card ထည့်လို့မရတော့ မဟုတ်သေးပါဘူး ဆိုပြီးပြန်စဉ်းစားလိုက်နဲ့ သုံးလလောက် ကြာသွားခဲ့တယ်ကွယ်။ :D

နောက်ဆုံးတော့လည်း Nexus ဖုန်း လိုချင်တဲ့ ရောဂါ တော်တော်ရင့်နေလေတော့ ဖုန်းစျေးနှုန်းကို အမြဲ ကြည့်ရင်း ကိုယ်မှန်းထားတဲ့စျေးလောက်ထိကျသွားတော့ ဝယ်ဖြစ်သွားတယ်။ GNex က android 4.0 (Ice-cream sandwich) OS နဲ့ ပထမဆုံး ထွက်လာတဲ့ ထုတ်တဲ့ဖုန်းပါ။ ဒါပေမယ့် အခုက iPhone 4S နဲ့ SGS2 ခေတ်ဆိုတော့ GNex က လူကြိုက်များပုံမရဘူး။ ဆိုင်တွေမှာတောင်သိပ်မတင်ဘူး။ တစ်ခြားဖုန်းတွေနဲ့စာရင်လည်း စျေးကျတာ တော်တော်မြန်တယ် ပြောရမယ်။ 
၂၄နာရီအတွင်း စမ်းသပ်ကလိထားသလောက် ဘက်ထရီကတော့ အန်းဒွိုက်ဖုန်းတို့ ထုံးစံအတိုင်း ကုန်တာမြန်တယ်။ optimize ပြန်လုပ်ရမယ်။ live wallpaper ဖြုတ်၊ network ကို 2G network only လုပ်ထားရင်တော့ ဘက်ထရီစားတာ နည်းနည်းသက်သာသွားမယ်။ Google Search bar လေးကို တော်တော်သဘောကျမိတယ်။ application တွေ ရှာရလွယ်သွားတယ်။ Gnex က ဂူဂယ်လ်ဖုန်းဆိုတော့ Samsung flagship ဖုန်းတွေမှာလို Swype တို့ Polaris office တို့လို built-in application တွေ များများစားစားပါမလာဘူး။ Google Product တွေဖြစ်တဲ့ google+, movie studio, music, youtube, maps အဲလောက်ဘဲပါတယ်။ တစ်ခြား Galaxy ဖုန်းတွေလို font အလွယ်တကူ ပြောင်းမရပြန်ဘူး။ မြန်မာစာတွေဘာတွေသွင်းဖို့ bootloader ကို unlock လုပ်ရဦးမယ်။ Nexus One တုန်းက HTC ရဲ့ Sense UI ပါမလာသလို အခု Galaxy Nexus မှာလည်း Samsung ရဲ့ Touchwiz မထည့်ထားပေးဘူး။ အဲဒါကြောင့်လည်း Gnex ဟာ SGS2 ကို စျေးကွက်မှာ မယှဉ်နိုင်တာ ဖြစ်မယ်။ review တွေအရတော့ Gnex မှာ SGS2 ထက်သာတာ screen size တစ်ခုဘဲရှိတယ်ဆိုပေမယ့် ကိုယ်က nexus မှ nexus ဖြစ်နေတော့ ဒီဖုန်းဘဲ ဝယ်ဖြစ်ခဲ့တယ်။

မနေ့က သူငယ်ချင်းတစ်ယောက်လည်း ဖုန်းဝယ်တော့ သူ့ဖုန်းလည်း ကလိကြည့်ရင်း တစ်ခုသတိထားမိတယ်။ (သူဝယ်တာက Samsung Galaxy W, Gingerbread)။ သူ့ဖုန်းရော ကျမဖုန်းပါ Android market မှာ စစချင်း 3MB, 4MB လောက်ရှိတဲ့ app တွေ ဒေါင်းလုတ်လုပ်တော့ လုံးဝကို တက်မလာဘူး။ နောက်ဆုံး 500kb လောက်ရှိတဲ့ app တစ်ခု အရင်ဒေါင်းပြီးမှ ကျန်တာတွေ ဘယ် size ဖြစ်ြဖစ် ဒေါင်းလုတ် လုပ်လို့ရသွားတယ်။ ထူးတော့ ထူးဆန်းတယ်။ ဖုန်း၂လုံးစလုံး အဲလိုဖြစ်တာ။ ဒါပေမယ့် အင်တာနက်သုံးတဲ့ ဒေတာကဒ်ကြောင့်ဘဲ ဖြစ်မလား မပြောတတ်ဘူး။

အရင်ဖုန်းတုန်းက android 2.2 Froyo ထိဘဲ update လုပ်ခဲ့တယ်။ ကြားထဲကထွက်တဲ့ Gingerbread ကို မသုံးဖူးလိုက်တော့ compare မလုပ်ပြတတ်ဘူး။ တစ်ခုက Froyo မှာတုန်းက app တွေ ဒေါင်းလုတ်လုပ်ရင် အကုန်လုံး တပြိုင်တည်း multi-task ဒေါင်းလုတ်ချပေးတယ်။ အခုက Gingerbread နဲ့ ICS မှာ app တစ်ခုပြီးမှ နောက်တစ်ခုကို စဒေါင်းလုတ်လုပ်တယ်။ သိပ်တော့သဘောမကျလှဘူး။

Image credits: Pho.to blog 
ပြီးတော့ ဖုန်းမှာ စစချင်း market app ပါတယ်။ အခြား app တစ်ခုလောက် ဒေါင်းလုတ်လုပ်ပြီးတာနဲ့ Android Market ကြီး အပ်ချလောင်းဆိုပျောက်သွားပြီးတော့ Play Store ဆိုပြီး အလိုလို ပေါ်လာရော။ ဘာဖြစ်တာပါလိမ့်လို့ ကြောင်တောင် ကြောင်သွားတယ်။ Google က သူ့ရဲ့ Android Market ကို Google Play Store လို့ rebrand လုပ်လိုက်တဲ့ သတင်းကို မတ်လ ၆ရက်နေ့မှာ ကြေငြာသွားတာ မဖတ်လိုက်မိတာကိုး။ ခုမှ ပြန်ရှာဖတ်လိုက်မိတယ်။ (ref: Goodbye Android Market, Hello Google Play)

အရင်ဖုန်းအဟောင်းလေးက memory limited ဖြစ်တော့ app တောင်သိပ်မသွင်းဖြစ်ဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ app လောက်တွေ့မှ ရှာပြီးသွင်းဖြစ်ခဲ့တယ်။ ခုက app တွေသွင်းဖို့ memory 16GB တောင်ဆိုတော့ ပျော်ပျော်ကြီး ကလိလို့ရပြီ။ ကိုယ်ဘဲ android market ကို browse မလုပ်တာ ကြာသွားလို့လား market ကနေ play store ဘဲဖြစ်သွားသလားတော့မသိ။ app category တော်တော်များမျာရဲ့ top free ရဲ့အောက်မှာ 18+ content နဲ့ app တွေ မနည်းမနော တွေ့လိုက်ရတယ်။ တော်တော်အောင်မြင်နေပါလားနော်။ အဲဒါနဲ့ settings ထဲဝင်ပြီး High maturity ကို အမြန်သွားဖြုတ်ရတယ်။ auto က "all" လုပ်ထားတာဆိုတော့။ မဟုတ်ရင် တစ်ခြား app တွေက အဲသဟာတွေကြားမှာ ပျောက်တောင်နေတယ်။

ခုတော့ ဖုန်းလေးကို တော်တော်သဘောကျနေတယ်။ size ကကြီးတယ်ဆိုပေမယ့် လက်ထဲ တကယ်ရောက်လာတော့လည်း သိပ်မဆိုးပါဘူး။ ဖုန်းကာဗာက Google ဆိုတဲ့ လိုဂိုကို တစိမ့်စိမ့်ထိုင်ကြည့်တယ်။ :D web browsing ရယ် ဂိမ်းဆော့ရတာရယ် အင်မတန်ကောင်း။ camera ကတော့ သိပ်မကောင်းဘူး။ smart phone တွေရဲ့ ကင်မရာကို အကောင်းကြီးလည်း မမျှော်လင့်ထားတော့ စိတ်မပျက်မိဘူး။ Android 4.0 ရဲ့ panaroma capture လုပ်လို့ရတာလေးတော့ သဘောကျမိတယ်။ ၁၈၀ဒီဂရီတောင်မကဘူးထင်တယ်။ တော်တော်ကျယ်ကျယ်ထိ ဆွဲလို့ရတယ်။ capture rate ကလည်း မြန်မှမြန်.. ရိုက်မှ ရိုက်လိုက်သလားလို့ ပြန်ပြန်စဉ်းစားယူရတယ်။ တစ်ခြားတော့ ဘာမှသိပ်မစမ်းကြည့်ရသေးဘူး။ နောက်မှ Ice−cream Sandwich ကို သေချာမြည်းစမ်းကြည့်ပြီးမှ ပို့စ်ထပ်ရေးပါဦးမယ်။ :) 
 ဒီပုံကတော့ ဒီနေ့ batu caves ဟိန္ဒူဘုရားကျောင်း ရောက်ဖြစ်တော့ ဖုန်းနဲ့စမ်းရိုက်ထားတဲ့ panaroma

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

Samsung Galaxy တစ်လုံးဝယ်လာပြီး သိပ်မသုံးတတ်တာနဲ့ ဘာမှမသိသေးဘူး
အချိန်လည်း သိပ်မရတော့ မကလိဖြစ်သေးဘူး..
ကင်မရာလေးတော့ မဆိုးဘူးလို့ထင်တယ်။ တစ်ခြားဖုန်းတွေထက်စာရင် ကွာလတီကောင်းတယ်လို့ ထင်မိတယ်။

Thinzar said...

မချော >> ဟုတ်တယ်အစ်မ.. HTC နဲ့စာရင်တော့ ကင်မရာလေးက ပုံထွက်ကောင်းပါတယ်။ နည်းနည်းဖြူဖတ်ဖတ် ဖြစ်နေတာ တစ်ခုဘဲ။ ဒီ galaxy nexus ကလွဲရင် ကျန်တဲ့ galaxy လိုင်းက phone/tablet တွေမှာ မြန်မာစာ အလွယ်တစ်ကူထည့်လို့ရတယ်.. အဲဒါတော့ တစ်ခြား android ဖုန်းတွေထက်သာတယ်.. :)

Yan Naing Aye said...

SGS2 ကိုင်တာ။ Swype နဲ့ Google play ကို အခုမှပဲ သတိထားမိတယ်။ ကျေးဇူးပါ။

Thinzar said...

SGS2 တွေမှာ Swype built-in ပါလာတာ တော်တော်အဆင်ပြေတာ.. Gnexus မှာ Swype သွင်းလို့မရဘူး။ SlideIt ဆိုတာ သွင်းထားရတယ်။ Swype ကိုပိုသဘောကျမိတယ်။ :)

Calm Hill said...

Nokia Lumia 900 ထွက်နေပြီ ထပ်ပြောင်းဗျာ

Thinzar said...

Calm Hill>> windows mobile ဖုန်းဆို ရင်မခုံတော့ဘူး :D nokia ရဲ့ touch feature ကိုလည်း သဘောမကျလှဘူး။ Lumia 900 မှာ တိုးတက်လာရင်တော့မသိ.. weight က 160g ဆိုတော့ တော်တော်တော့ လေးမယ်..

Post a Comment

Please feel free to use any font to comment :)