ရုံးက ယူထားတဲ့ ခွင့်တစ်လကလည်း တစ်ခြားကိစ္စတွေ ပြီးတော့ တောင်ကြီးပြန်ဖို့ တစ်ပါတ်ဘဲ ကျန်တော့တယ်။ ဒါနဲ့ဘဲ မျက်နှာပူပူ (မျက်နှာပြောင်ပြောင်?? :D ) နဲ့ ခွင့်နောက်တစ်ပါတ် ပိုတောင်းပြီး တောင်ကြီးရောက်အောင် ပြန်ဖြစ်ခဲ့တယ်။ မစီစဉ်ထားဘဲ တန်ဆောင်တိုင်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားတယ်။ တန်ဆောင်တိုင်က နိုဝင်ဘာလ ကုန်ပိုင်းလောက်မှ စမယ်လို့ ထင်ထားတာ။ ကံကောင်းသလားဆိုတော့ တန်ဆောင်တိုင်ပွဲရက်ဖြစ်နေလို့ ရန်ကုန်-ဟဲဟိုးလေယာဉ်လက်မှတ်က တစ်ပါတ်စာလုံး မရှိတော့ပါဘူးတဲ့။ ခါတိုင်းပြန်ရင် လေယာဉ်လက်မှတ်က အမြဲဝယ်ရလွယ်နေတော့ ကြိုမှာထားဖို့လည်း သတိမရဘူး။ ကားလက်မှတ်တွေ စုံစမ်းကြည့်တော့လည်း တစ်စောင်နှစ်စောင်ဘဲ ကျန်တော့တယ်တဲ့။ တောင်ကြီးကို ကားနဲ့ ပြန်ဖို့ကလည်း ၁၆နာရီလောက် စိတ်ညစ်နေအောင် စီးရမှာဆိုတော့ ခပ်ကြောက်ကြောက်။ ကိုညီလင်းဆက်ရေးထားသလိုများ ရထားစီးပြန်ရရင်တော့ ဖတ်ရင်နဲ့တောင် လန့်တယ်။ ရန်ကုန်မှာဘဲ သောင်တင်ပြီလို့တောင် ထင်ထားတာ။ နောက်ဆုံး ဆွေမျိုး အသိတစ်ယောက်က လုပ်ပေးလို့ အဲပုဂံ လက်မှတ် ရသွားခဲ့တယ်။ ခဲရာခဲဆစ် ရလိုက်တဲ့ လက်မှတ်လေးနဲ့ မွေးရပ်ဌာနေကို ပြန်ရောက်သွားခဲ့ပါတယ်။
လေယာဉ်လက်မှတ်ဆိုလို့ တစ်လအတွင်း လေယာဉ်လက်မှတ် ပြဿနာတွေဘဲ ကြုံနေရတယ်။ သွားစရာအားလုံးကလည်း တစ်လအတွင်းမှာ လာစုနေတော့ လေယာဉ် ၉ ခေါက်စီးလိုက်ရတယ်။ ခါတိုင်း တစ်နှစ်နေလို့မှ တစ်ခါတောင် စီးဖြစ်တာမဟုတ်ဘူး။ AirAsia နဲ့ ဘန်ကောက်လေဆိပ်မှာ ရနာရီလောက် ထိုင်စောင့်လိုက်ရဖူးပြီးပြီ။ မလေးရှားသွားတဲ့ လေယာဉ်လက်မှတ်တွေ တစ်ပါတ်စာလုံး မရှိတော့လို့ ရန်ကုန်မှာ တစ်ပါတ်လောက် ထိုင်နေလိုက်ရသေးတယ်။ (ဒီလောက်တောင် မလေးရှား သွားကြသလားကွယ်။) နောက်မှဘဲ တောင်ကြီး တန်ဆောင်တိုင် အကြောင်း ရေးတော့မယ်။ တစ်လအတွင်း ဝေဟင်ထဲမှာ နာရီ ၃ဝလောက် ရောက်နေတော့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဘဲ တင်လိုက်မယ်။ အခုတော့ ကင်မရာလေးလည်း ဆားဗစ်စင်တာမှာ အိပ်နေရှာပြီ။
လေယာဉ်လက်မှတ်ဆိုလို့ တစ်လအတွင်း လေယာဉ်လက်မှတ် ပြဿနာတွေဘဲ ကြုံနေရတယ်။ သွားစရာအားလုံးကလည်း တစ်လအတွင်းမှာ လာစုနေတော့ လေယာဉ် ၉ ခေါက်စီးလိုက်ရတယ်။ ခါတိုင်း တစ်နှစ်နေလို့မှ တစ်ခါတောင် စီးဖြစ်တာမဟုတ်ဘူး။ AirAsia နဲ့ ဘန်ကောက်လေဆိပ်မှာ ရနာရီလောက် ထိုင်စောင့်လိုက်ရဖူးပြီးပြီ။ မလေးရှားသွားတဲ့ လေယာဉ်လက်မှတ်တွေ တစ်ပါတ်စာလုံး မရှိတော့လို့ ရန်ကုန်မှာ တစ်ပါတ်လောက် ထိုင်နေလိုက်ရသေးတယ်။ (ဒီလောက်တောင် မလေးရှား သွားကြသလားကွယ်။) နောက်မှဘဲ တောင်ကြီး တန်ဆောင်တိုင် အကြောင်း ရေးတော့မယ်။ တစ်လအတွင်း ဝေဟင်ထဲမှာ နာရီ ၃ဝလောက် ရောက်နေတော့ ရိုက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကိုဘဲ တင်လိုက်မယ်။ အခုတော့ ကင်မရာလေးလည်း ဆားဗစ်စင်တာမှာ အိပ်နေရှာပြီ။
အောက်ဆုံးပုံကတော့ ရှမ်းပြည်နယ်ကို ရောက်ပြီဆိုတာ သိနိုင်တဲ့ landmark ပေါ့။ ပန်းနှမ်းစိုက်ခင်းလေးတွေနဲ့ မြေကြီးနီနီလေးတွေကို တွေ့လိုက်ရပြီဆိုရင် ဟဲဟိုးလေဆိပ်သို့ မကြာမီအချိန်အတွင်းမှာ ဆင်းသက်ပါတော့မယ်ရှင် ဆိုတဲ့ လေယာဉ်မယ်လေးရဲ့ အသံချိုချိုလေးကို ကြားရမှာ အသေအချာပါဘဲ။
လေယာဉ်ပျံကို အဲလို တရစပ်ကြီး စီးရတဲ့ အခါမှဘဲ နားမအူအောင် ဘယ်လို လုပ်ရသလဲဆိုတာ သိသွားလို့ တော်တော့တယ်။ အတူတူ ခရီးသွားခဲ့တဲ့ ဆရာဝန်မမ ပြောပြတာ အရင်တုန်းက လေယာဉ်ဆင်းခါနီး ချိုချဉ်ဘာကြောင့် ကျွေးသလဲ စဉ်းစားလို့ မရခဲ့ဘူး။ ဆရာဝန်မမ ပြောပြချက်အရဆိုရင် လေယာဉ်ဟာ လေဖိအားနည်းတဲ့အရပ်ကနေ ရုတ်တရက် လေဖိအားများတဲ့အရပ်ကို ရောက်သွားတဲ့အခါ နားအထဲက (ဘာဆိုလားမသိ) က လေဖိအားပြောင်းလဲမှုဒဏ်ကြောင့် နားအူသွားတာပါတဲ့။ တစ်ခါတစ်လေဆို အိမ်ရောက်ပြီး နှစ်ရက်လောက် နားအူနေတာ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ သူများနဲ့ စကားပြောရင် ကိုယ်ဘဲ နားလေးနေသလိုလို။ နားမအူအောင် လေယာဉ်အတက်အဆင်းမှာ နားထဲက လေပြွန် (လို့ထင်တာဘဲ) ကို ချုံ့ချဲ့ပေးအောင် ချိုချဉ်၊ ဒါမှမဟုတ် ပီကေ စသဖြင့် တစ်ခုခုကို ငုံထားပေးရင် နားမအူတော့ပါဘူး။ လက်တွေ့။ :D အရင်ကဆို ချိုချဉ်လာပေးရင် တစ်ခါတည်း စားပစ်တာ။ လေယာဉ်တောင် ဆင်းမယ်မကြံရသေးခင် ချိုချဉ်က ကုန်ပြီ။ ခုတော့ လေယာဉ်တက်တော့မယ့်အချိန် ဒါမှမဟုတ် ဆင်းခါနီးနီး အချိန်ကျမှ ချိုချဉ် ထုတ်ငုံတတ်တဲ့ အကျင့် ရသွားခဲ့ပါပြီ။ အကယ်လို့ ချိုချဉ်မကျွေးတဲ့ လေကြောင်းလိုင်းဆို ဘယ်လို လုပ်မလဲ။ အဆက်မပြတ် အားရပါးရ "အို..၀..အို..၀" ဆိုပြီး ရွတ်ဆိုနေရင်လည်း နားရွက်က လေပြွန်ကို ချဲ့လိုက်ချုံ့လိုက် ဖြစ်ရာရောက်တဲ့အတွက် နားမအူတော့ပါဘူးတဲ့။ ဂါထာလေးပေါ့ကွယ်။
2 comments:
ဖတ်သွားမှတ်သွား လေ့လာသွားတယ် မသဉ္ဖာရေ.. ကျွန်တော်လည်း စာတွေကို ဖိဒ် ကနေယူယူဖတ်နေတော့ တစ်ခါတစ်ခါ ဒီအထိ မရောက်ဖြစ်ဘူး ဖြစ်ဖြစ်နေတာ။ နောက်ပိုင်းတော့ အဲလို ရီဒါတွေထဲမှာတင် ကောမန့်ပေးလို့ ရတဲ့ စနစ်တွေပါလာရင် ပိုအဆင်ပြေမယ်။ :)
အိုင်စတိုင်းရဲ့ ရီလေတဗ်တီ သီအိုရီ အရ အရာ ဝတ္ထု တစ်ခုဟာ ကမာ္ဘ့ဆွဲအားနဲ့ ဝေးတဲ့ နေရာတစ်ခုကို အရှိန်မြန်မြန်နဲပ ပြေးလေလေ အဲဒီ အရာ ပေါ်မှာ ဖြစ်နေတဲ့ အချိန်က ပိုကြာလေလေပဲတဲ့။ ဆိုလိုတာက ကမာ္ဘပေါ်မှာ ရှိတဲ့ ၅ မိနစ်ထက် အဲဒီ အရာဝတ္ထု အပေါ်မှာ ရှိတဲ့ ၅ မိနစ်က ပိုကြာတယ်တယ် လို့ပြောတာပါ။ ပျံသန်းနှုန်း Speed အပေါ်လည်း မူတည်တာတော့ ရှိတာပေါ့။
အခု မသဉ္ဖာလည်း တစ်လအတွင်း လေထဲမှာ နာရီ (၃၀) လောက်တောင် ကြာခဲ့တယ် ဆိုတော့ (ဘာပဲပြောပြော လေယဉ်လည်း သူ့အရှိန်နဲ့ သူ သွားတဲ့ နှုန်းကတော့ မြန်တယ်လို့ ပြောလို့ရတယ်လေ.) အချိန် (Time) နှင့် အရှိန် (Speed) အကျိုးသက်ရောက်မှု အရ အချိန် အမြတ်ထွက်ပြီး အရင်ကထက် အနည်းဆုံး ငါးမိနစ်စာလောက်တော့ အသက် ပိုရှည်သွားမလားလို့ ထင်မိပါကြောင်း။ :P
(နားမအူအောင် လုပ်နည်းပေးလိုက်မှပဲ အူကြောင်ကြောင် ကောမန့်တွေ ပြန်ရတော့တယ် လို့လဲ မယူဆစေလိုကြောင်း :D )
ကိုမှော်ဆရာ ပြောသွားမှ စဉ်းစားမိတယ်။ Time and Speed နဲ့ပြန်တွက်ရင် လေထဲမှာနေခဲ့တာ နာရီ ၃ဝ တောင် မကဘူးဘဲ။ :D လေယာဉ်စီးတဲ့အကြောင်းရေးမှ အိုင်းစတိုင်းရဲ့ ရီလေတီဗီတီ အထိ ရောက်သွားတယ်။ အသက် ငါးမိနစ်စာ ပိုကြီးသွားတာပေါ့နော်။ :P
Post a Comment
Please feel free to use any font to comment :)