ပထမတစ်ရက် Redang ကို မနက် ၁ဝနာရီခွဲလောက် ရောက်တယ်။ check-in လုပ် ရေမိုးချိုးပြီးတော့ နေ့လည်စာ ဆင်းစားတယ်။ Life Jacket နဲ့ Mask ကို ၂ရက်စာငှားတာက ရင်းဂစ်၂၀။ မျက်မှန်ပါဝါ ၃၀ဝ ကျော်တဲ့သူတွေ အတွက် Power Mask ရှိတယ်။ ၁ဝ ပိုပေးရတယ်ထင်တာဘဲ။ ကိုယ်ပါဝါက ၂၀ဝ လောက်ဘဲရှိတော့ မြင်ရမယ်လို့ ထင်ပြီး မငှားတော့ဘူး။ နေ့လည် ၂နာရီခွဲကြတော့ first snorkeling trip ခေါ်သွားတယ်။ resort နဲ့ မနီးမဝေး ပင်လယ်ပြင် ရေလယ်ခေါင်ကြီးမှာ။

ရေကူးတတ်တဲ့သူတွေတော့ တစ်ယောက်ပြီးတစ်ယောက် စက်လှေပေါ်ကနေ ခုန်ဆင်းသွားကြတယ်။ သူတို့ကြည့်တော့လည်း ရေကူးရတာ လွယ်လိုက်တာ။ ကိုယ့်မှာတော့ ဆင်းရင် ကောင်းမလား မဆင်းရင် ကောင်းမလား စဉ်းစားလို့ကို မရနိုင်ဘူး။ ရေနစ်မှာ ကြောက်တာကိုး။ သူတို့ကတော့ ပြောတယ်။ အသက်ကယ် အကျီ င်္ ဝတ်ထားတာဘဲ မနစ်နိုင်ဘူးတဲ့။ ဒါပေမယ့် ကျမကတော့ အသက်ကယ်အကျီ င်္ကို မယုံနိုင်ဘူး ဖြစ်နေတယ်။ ပထမတစ်ရက်တော့ လက်က တစ်ခုခုကို ဆွဲထားရမှ ရေထဲမှာ နေလို့ရတယ်။ သူငယ်ချင်းကို ခဏဆွဲထားလိုက်၊ နည်းပြတွေကို ဆွဲထားလိုက်၊ စက်လှေနားက လှေကားကို ဆွဲထားလိုက်နဲ့ ပြီးသွားတယ်။ ငါးတွေက တကယ်ကို လှတယ်။ လက်ကတော့ တစ်ခုခုကို ဆွဲထားပေမယ့် ငါးတွေနဲ့အတူ လိုက်သွားပြီး ရေကူးချင်တာ အရမ်းဘဲ။ ရေမကူးတဲ့သူတွေအတွက် နည်းပြတွေ ရှိတယ်။ သူတို့ လိုက်ကူညီပေးတော့ သိပ်ကြောက်စရာ မလိုတော့ဘူး။

ဒုတိယတစ်ရက်မှာ မနက်စာ စားပြီး ၉နာရီခွဲလောက်ကြတော့ marine park ကို ခေါ်သွားတယ်။ Marine Park က အသေအချာ ထိန်းသိမ်းမှုတွေ လုပ်ထားတော့ ကမ်းခြေ ရေတိမ်တိမ်မှာ တောင် ငါးတွေ အများကြီးမြင်ရတယ်။ ရေမကူးတတ်တဲ့ ကျမလိုလူမျိုးအတွက် အကောင်းဆုံးနေရာဘဲ။ ပေါင်မုန့်တစ်ဖဲ့လောက် ပစ်လိုက်ရင် ငါးတွေ အများကြီး ရောက်လာတယ်။ ဒုတိယနေ့ဆိုတော့ ရေကို အရမ်းကြီး မကြောက်တော့ဘူး။



Redang Island က အပြန် Kuala Terengganu မြို့ကိုဝင် ခဲ့သေးတယ်။ စားစရာ မုန့်တွေ အရမ်းစုံတယ်။ KLနဲ့ တစ်ခြားစီဘဲ။ အရသာလည်း ရှိတယ်။ သူငယ်ချင်းအိမ်မှာ တစ်ညဝင်အိပ်။ နောက်ရက်မှ KL ပြန်ခဲ့တယ်။ တော်တော်ပျော်ခဲ့ပေမယ့် အသားတော့ မည်းသွားတယ်။ :D
Related:
Trip to Redang Island - 1
7 comments:
ဓာတ်ပုံတွေ သိပ်လှတယ် ညီမရေ။ ရေငုတ်နေတဲ့ပုံကတော့ အထူးခြားဆုံး ဆိုရမှာပေါ့။ အတော်ပျော်ခဲ့ပုံပဲ။ အမလဲ ပင်လယ်ကြိုက်တယ်၊ ရေအောက်မှာ ငါးကြည့်ရတာ ကြိုက်တယ်။ ဒီပို့စ်ကိုလဲ ကြိုက်တယ်။
အတော်ဖတ်လို့ကောင်းပါတယ်...။
အစ်မရောက်တဲ့နေရာတွေကို ကျွန်တော်မရောက်ခဲ့ပါဘူး...။ အမှားပြင်ပေးလို့
ကျေးဇူးပါ...။ ဓာတ်ပုံလေးတွေက အတော်ကြီး
ကို လှပပါတယ်....။
အသားမည်းလဲ တန်ပါတယ်..
မေးချင်လို့..
သဉ္ဖာက ပိုးအိ အစ်မလားမသိ..နော်
မမိုးချိုသင်း>> ဟုတ်.. ရေမကူးတတ်ပေမယ့် တော်တော်တော့ ပျော်ခဲ့တယ်။
ourstream>> သဉ္ဖာလည်း မြင်မြင်ချင်းတုန်းက သိမ်းငှက်လို့ထင်တာ။ ပုံကို ကြည့်ပြီး မခွဲတတ်ဘူး။ စာတွေထဲမှာ eagle လို့ ရေးထားမှ လင်းယုန်မှန်းသိတာ။
မPAUK>> နေလောင်တာက အခုထိ ရှိနေတုန်း။ လက်တစ်ခြမ်းမည်းပြီး တစ်ခြမ်းဖြူနေတာ။ ပိုးအိတော့ သဉ္ဖာမသိဘူး အစ်မ.. တောင်ကြီးကဘဲလား။
ပျော်စရာတော်တော်ကောင်းမှာပဲနော်။ အသား နေမလောင် ဘူးမလား?
Charating Beach ကို လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်က သွားပြီး ပြန်လာတော့ African friend တွေနဲ့ တွေ့ရင် သူတို့ ပြောကြတယ် မင်းနဲကငါ ညီအကို ဖြစ်ပြီတဲ့ ။ နေလောင်တဲ့ ဒဏ်ကို တသက်မှာ အဲဒါ ပထမဆုံးခံဖူးတာပဲ။ သေလောက်အောင် ကြောက်သွားတယ်။
ပုံတွေလာကြည့်သွားတယ်ဗျ။ အရမ်းလှတယ်။
ပုံလေးတွေကြည့်ပြီး သဘောကျမိတယ်။ ခရီးထွက်တာ ဝါသနာမပါပေမယ့် နောက်ပိုင်း တခြားသူတွေကို အားကျပြီး ထွက်ဖြစ်အောင် ကြိုးစားတယ်။ ဖြစ်နိုင်ရင် တနေ့ ဒီလို နေရာတွေ သွားလည်ဖြစ်အောင် ကြိုးစားအုံးမယ်။
Post a Comment
Please feel free to use any font to comment :)