Paper Model အကြောင်း အရင်က တစ်ခေါက်ရေးဖူးတယ်။ Paper Model တွေကို စမြင်ဖူးကတည်းက အရမ်း စိတ်ဝင်စားသွားတာ။ (Paper craft လို့လဲ ခေါ်တယ်။) ဒါပေမယ့် Pokemon အရုပ်တစ်ခု လုပ်ပြီးကတည်းက နောက် မလုပ်ဖြစ်ဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်နေတယ်။ အဲဒီတစ်ခေါက်တုန်းက instruction မပါတော့ ကိုယ်စိတ်ထင်သလို မှန်းပြီးလုပ်လိုက်တာ သိပ်ပုံမကျဘူး ဖြစ်သွားတယ်။ Canon ဝက်ဘ်ဆိုဒ်က paper model ပုံစံငယ်တွေက လုပ်နည်းပါ ပြထားတော့ နည်းနည်း လွယ်တယ်။ ဒါတောင် ဒီပန်ဒါကိုလုပ်တာ သုံးနာရီလောက် ကြာသွားတယ်။ ပန်ဒါရဲ့ အရွယ်အစား ကို AA ဓါတ်ခဲတစ်လုံးနဲ့ ယှဉ်ရိုက်ထားတယ်။
Paper Model ဆိုတာ အိုရီဂါမီ အရုပ်ခေါက်နည်းနဲ့တူသလား?
လုံးဝမတူပါဘူး။ အိုရီဂါမီက စာရွက်ခေါက်နည်းကို အခြေခံပြီး Paper Model က စာရွက်ပေါ်မှာ print လုပ်ထားတဲ့ အပိုင်းတွေကို ဖြတ်ပြီး ကော်နဲ့ကပ်ရပါတယ်။ တူတာတစ်ခုကတော့ Origami ကော Paper Model ကော ဂျပန်ကနေစပြီး ထွန်းကားခဲ့တာဘဲ။
လိုအပ်သော ပစ္စည်းများ

paper model တစ်ခုလုပ်ဖို့ အရင်ဆုံး ပန်ဒါလုပ်ဖို့ sample နဲ့ instruction ကို ဒေါင်းလုတ်လုပ်ပါတယ်။ ပြီးရင် A4 စာရွက်နဲ့ print ထုတ်ရပါမယ်။ နောက် ကတ်ကြေးတစ်လက်၊ ကော်တစ်ဘူး ဘဲ လိုပါတယ်။ ကျမရဲ့ကော်ဘူးက တစ်ခါတစ်ခါညှစ်လိုက်ရင် အများကြီးထွက်လာတာမို့ စာရွက်ပိုင်းတစ်ခုပေါ်မှာ အရင်တင်လိုက်တယ်။ ပြီးမှ တုတ်တံပုံစံ ခေါက်ထားတဲ့ စာရွက်နဲ့ သုတ်တယ်။
လုပ်နည်း အဆင့်ဆင့်

ခေါင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ မျက်နှာ၊ နားရွက်နှစ်ဖက်၊ ကိုယ်အရှေ့ပိုင်း၊ ကိုယ်အနောက်ပိုင်း၊ လက်နှစ်ချောင်း၊ ခြေထောက်နှစ်ချောင်း စုစုပေါင်း အစိတ်အပိုင်း ၁၁ခုကို ကပ်ကြေးနဲ့ အရင် ညှပ်ရပါမယ်။ ပြီးမှ instruction မှာ ညွှန်းထားတဲ့အတိုင်း တစ်ပိုင်းစီကို ကော်နဲ့ကပ်ရပါမယ်။ ကပ်ရမယ့်နေရာတွေကို ထောင့်စွန်းလေးတွေနားမှာ နံပါတ်တပ်ပြီး ညွှန်ပြပြီးသားမို့ လွယ်တယ်။ လုပ်လို့ ပြီးခါနီးမှ ဓါတ်ပုံရိုက်ဖို့ သတိရလို့ အပေါ်ကပုံဘဲ ထွက်လာတယ်။ ခြေထောက်တစ်ချောင်း မခေါက်ရသေးခင်.. ခေါင်းနဲ့ကိုနဲ့လည်း မဆက်ရသေးဘူး။ ပန်ဒါခေါင်းပြတ်လေးပေါ့။
လုပ်လို့ပြီးသွားတော့ ပန်ဒါလေးကို စိတ်ကြိုက် မော်ဒယ်ပို့စ်ပေးခိုင်းလို့ ရပြီ။ ဟိုဘက်လှည့်၊ ဒီဘက်လှည့်…
ပန်ဒါအတွက် ဝါးရွက်လုပ်တော့ instruction မဖတ်ဘဲ ကပ်ကြေးနဲ့ ဒီအတိုင်း ကောက်ညှပ်ထည့်လိုက်တယ်။ အမှန်က ထူထူတောင့်တောင့်လေးဖြစ်အောင် စာရွက်ကို နှစ်ခြမ်းအရင် ကပ်ခိုင်းတာ။ အခု တစ်ခြမ်းတည်းဆိုတော့ ပျော့ပြဲပြဲဖြစ်သွားတယ်။ အဲဒီ Canon Creative Park ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာ sample တွေ အများကြီးရှိတယ်။ အရမ်းပျင်းတဲ့အခါ လုပ်ကြည့်ပေါ့။ အပျင်းပြေပြီး ကိုယ်လုပ်ထားတဲ့အရုပ်ကို ကြည့်ရတာ ဝယ်တာထက် စိတ်ချမ်းသာဖို့ ကောင်းတယ်။
Reference:
4 comments:
စိတ်ဝင်စားတယ်.. အချိန်ရရင်စမ်းကြည့်ဦးမှ..။
ကျေးဇူးအထူးတင်ပါတယ် လုပ်ကြည့်ဦးမယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
အယ်.. ချစ်စရာလေး.. ညီမက တွေ ့ပဲတွေ ့တတ်တယ်..။ အဲဒီဆိုဒ်လေး မှတ်သွားတယ်..။ လုပ်ဦးမယ်..။ တူလေးအတွက်..။ ကျေးဇူး ညီမရေ..။
Phyo Evergreen >> စိတ်ရှည်ရှည်နဲ့ တော်တော်အားနေပြီး အချိန်မြန်မြန်ကုန်ချင်တဲ့အခါ စမ်းကြည့်ပေါ့။
တောင်ပေါ်သား>> ရေးထားတာကို စိတ်ဝင်စားတဲ့အတွက် ဝမ်းသာပါတယ်။
Layma>> ဘာမှ မလုပ်ဘဲ ဒါဘဲ လိုက်ရှာနေလို့ တွေ့တာလေ :D တူလေးကတော့ ကြိုက်မှာ သေချာတယ်။ ကလေးငယ်ငယ်ဆိုရင်တော့ အူယားပြီး ဖြဲပစ်လိုက်မှာ။ အခု အရုပ်ကို ကလေးတွေနဲ့ ဝေးတဲ့နေရာမှာ ထားထားရတယ်။
Post a Comment
Please feel free to use any font to comment :)