Berjaya Hills မှာ အဓိက ရှိတာကတော့ Colmar Tropical လို့ခေါ်တဲ့ ပြင်သစ်စတိုင် French-themed resort, Japanese tea house, Botanical garden, golf course စတာတွေ ရှိပါတယ်။ ဂေါက်သီးနဲ့ကိုယ်နဲ့က ဘာမှ မဆိုင်တဲ့အတွက် တစ်ခြားနေရာတွေကိုဘဲ သွားဖြစ်တယ်။ Horse Trail လည်း ရှိတယ်လို့ပြောတယ်။ မရောက်ဖြစ်လိုက်ဘူး။ တောင်ပေါ်ဆိုပေမယ့် ဩဂုတ်လပိုင်းဘဲ ပူလို့လားတော့ မသိ ရာသီဥတု သိပ်မအေးမြဘူး။ အထဲမှာ အဆမတန် ဈေးမြှောက်နေတဲ့ restaurant တွေကလွဲရင် လွယ်လွယ်ကူကူ စားစရာရှာလို့မတွေ့ဘူး။ ဒါကြောင့် Berjaya Hills သွားမယ်ဆိုရင် ဗိုက်အပြည့်ဖြည့်သွား၊ ဒါမှမဟုတ် စားစရာ ယူသွားသင့်ပါ၏။
Colmar Tropical ကို ပြင်သစ်နိုင်ငံ Alsace မှာ ရှိတဲ့ Colmar Village အတိုင်း ဆောက်ထားတယ်လို့ သိရပါတယ်။ ထူးထူးခြားခြား အဆောက်အဦးပုံစံလေးတွေ မြင်ရတာလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Colmar Tropical ကို ပြင်သစ်နိုင်ငံ Alsace မှာ ရှိတဲ့ Colmar Village အတိုင်း ဆောက်ထားတယ်လို့ သိရပါတယ်။ ထူးထူးခြားခြား အဆောက်အဦးပုံစံလေးတွေ မြင်ရတာလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Japanese Tea House and Botanical Garden
Japanese Tea House ကမာ္ဘ့ပထမဆုံး tropical forest မှာဆောက်ထားတဲ့ tea house လို့တော့ ရေးထားပေမယ့် မှာတော့ ဘာမှ သိပ်မရှိပါဘူး။ ဂျပန်စတိုင် ဆောက်ထားတဲ့ အိမ်လေးတစ်လုံးရှိတယ်။ ဂျပန်က ဗိသုကာ ပညာရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ထားတာလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဗိုက်အရမ်းဆာနေတော့ သိပ်ပြီး စိတ်ဝင်တစား မကြည့်လိုက်ဘူး။ အဲဒီနားမှာ ဂျပန်ဝတ်စုံ ကီမိုနို ဝတ်ထားတဲ့သူ နှစ်ယောက်လောက် ထိုင်နေတယ်။ အဲဒီ ကီမိုနို ဝတ်ပြီး ဓါတ်ပုံရိုက်ချင်ရင် ရင်းဂစ် သုံးဆယ် လားမသိဘူး ပေးရတယ်။ အဲလောက်တော့ အကုန်မခံနိုင်ဘူး။ တရုတ်ကားတွေထဲက ရှေးခေတ်မင်းသမီးတွေ ဝတ်တဲ့ ဝတ်စုံနဲ့တော့ ဓါတ်ပုံရိုက်ချင်သား။ ဘေဂျင်းသွားတုန်းက ကပ်စီးနည်းနေတာနဲ့ မရိုက်ခဲ့ရဘူး။ နောက်တစ်ခေါက်သွားဖြစ်ခဲ့ရင်တော့ ဖြစ်အောင်ကို ရိုက်ရမယ်။ Berjaya Hills မှာ Christmas တို့ New Year တို့ဆို ပိုပြီး စည်မယ်ထင်တယ်။ မရောက်ဘူးသေးရင် အပျင်းပြေ သွားလည်ဖို့ကောင်းတဲ့ နေရာတစ်ခုပါဘဲ။
5 comments:
တခုမှ မရောက်ဖူးသေးဘူး ဆရာတင်ပြီးလိုက်ပို ့ခိုင်းမှ ထင်ပါရဲ ့
လင်း>> လျှောက်လည်တဲ့နေရာမှာတော့ ဆရာတင်လို့ရတယ်။ :D KL မှာက ကားမောင်းတတ်ရင် လည်စရာနေရာတွေ အများကြီးဘဲ။ အခုတော့ သူများမောင်းတဲ့ ကားနောက်လိုက်စီးပြီး လျှောက်လည်နေတာလေ။ ကားမောင်းသင်မလားလို့ စဉ်းစားနေတာ..
အမရေ ကယ်ရေကေချာက မြန်မာနိုင်ငံမှာတော့
သင်တဲ့နေရာမတွေ့သေးပါဘူး..ကျနော်ကတော့
ကာတွန်းဇိုဇမ်ရဲ့ကယ်ရေကေချာရေးဆွဲနည်းစာ
အုပ်ကိုဝယ်ပြီးလေ့လာပါတယ်..ပန်းချီအခြေခံမ
ရှိလည်းဆွဲလို့ရပါတယ်...ကျနော်ကအခြေခံရှိ
တော့အခက်အခဲသိပ်တော့မရှိပါဘူး...အမတို့နိုင်
ငံခြားမှာဆိုရင်ကယ်ရေကေချာရေးဆွဲနည်းစာ
အုပ်တွေအများကြီးထွက်တယ်လို့ကျနော်ကြား
တယ်...အဲ့ဒါဝယ်ပြီးလေ့ကျင့်ပေါ့...ကျနော့်ကို
ပန်းချီသင်ပေးတဲ့ဆရာကပြောတယ်...များများ
ဆွဲပါ..နာနာလေ့ကျင့်ပါတဲ့...ကျနော်လည်းအမ
ကိုအဲ့လိုပဲအကြံပေးချင်ပါတယ်...ကျနော်အား
ပေးပါတယ်......ကျနော်လည်းအဲ့ဒီအတိုင်းပဲ
လေ့ကျင့်ပါတယ်...။။။
အမြန်သင်ပါ။ကားမောင်း.
caricature-sketch>> ကျေးဇူးဘဲနော်။ အဲဒါဆို စာအုပ်ကြည့်ပြီး လေ့ကျင့်ရင်လည်း တတ်နိုင်တာပေါ့နော်။ အစ်မရဲ့ ပုံဆွဲပညာက အညံ့ကြီးတော့ မဟုတ်ဘူး။ ကာတွန်းပုံတွေလောက်တော့ တူအောင် ကြည့်ပြီးဆွဲနိုင်တယ်။ အဟိ.. လူပုံတော့ မဆွဲတတ်ဘူး။ တတ်ပါ့မလား မသိ။ လေ့လာကြည့်ဦးမယ်
အမ်းမား>> အမိန့်တော်မြတ်အတိုင်းပါ။ ဒါပေမယ့် ကားမောင်းသွားသင်ဖို့ကို ပျင်းနေတယ်။ စနေ တနင်္ဂနွေ နှစ်ရက်တောင် အရမ်းနည်းနေတာ။ ကားမောင်းပါ သွားသင်ရင် ရုပ်ရှင်ကြည့်ဖို့ အချိန် မရှိတော့ဘူး။ :)
Post a Comment
Please feel free to use any font to comment :)