12
May

Movies I recommend

အရင် တစ်ပါတ်က တော်တော်လေးကောင်းတဲ့ ရုပ်ရှင် နှစ်ကား ကြည့်လိုက်ရတယ်။




ပထမတစ်ကားက Mel Gibson ရိုက်ထားတဲ့ APOCALYPTO ဆိုတဲ့ ရုပ်ရှင်ပါ။ Mayan လို့ခေါ်တဲ့ ၁၅ရာစုလောက်က လူရိုင်း မျိုးနွယ်စုတွေရဲ့ အကြောင်းပေါ့။ မင်းသားမင်းသမီး အသစ်တွေကို ထည့်သုံးထားပြီး ထူးခြားတာက သူတို့တွေ ဘယ်နိုင်ငံက လူတွေလဲ ဆိုတာ မှန်းလို့ မရဘူး။ ဇာတ်ကားထဲမှာ လူရိုင်းဘာသာစကားလိုလို စကားတစ်မျိုးကို ပြောပြီး အင်္ဂလိပ် စာတန်းထိုးပါတယ်။ အင်္ဂလိပ်လို ပြောရင်တောင် အဲဒီလောက် ကြည့်လို့ ကောင်းမှာ မဟုတ်လောက်ဘူး။ (တစ်ခွန်းတော့ တတ်သွားပြီ။ "ဘားရှယ်ဂ - What do u want?" တဲ့။) တစ်ကားလုံးမှာ မင်းသားနဲ့ လူဆိုး ပြေးတိုင်း လိုက်တိုင်း လုပ်ရင်းနဲ့ ပြီးသွားပေမယ့် ဇာတ်လမ်းအသွားအလာလေးကို အရမ်းကြိုက်မိတယ်။




နောက်တစ်ကားကတော့ တကယ့့်ဖြစ်ရပ်မှန် ကို အခြေခံပြီး ရိုက်ထားတဲ့ PROVOKED ဆိုတဲ့ hollywood ကားမဟုတ် ကုလားကားလည်း မမည်တဲ့ ရုပ်ရှင်ပါ။ (hollywood ကားမဟုတ် ဆိုတာက တစ်ချို့အခန်းတွေမှာ Punjub စကား ပြောလို့်။ ကုလားကားမကျဆိုတာက ကတဲ့ အခန်း တစ်ခန်းလေးတောင် မပါလို့။)

ယောက်ကျာ်းနှိပ်စက်လွန်းတာကို မခံနိုင်တော့တဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ ကိုယ့်ယောကျာ်းကို ကိုယ်တိုင် မီးရှို့သတ်လိုက်ပြီး ထောင်ကျသွားတဲ့အခါ သူ့ရဲ့ freedom ကို ရှာတွေ့သွားပါသတဲ့.. သီချင်း တစ်ပုဒ်မှ မပါပေမယ့် တစ်စက်လေးမှ ပျင်းဖို့မကောင်းအောင် ဇာတ်လမ်းက ကောင်းလွန်းပါတယ်။

ကျောင်းပိတ်ရက် အလုပ်အားရက်မှာ ရုပ်ရှင်ကောင်းကောင်းလေးတွေ ကြည့်ချင်သူတွေ အတွက် recommend လုပ်လိုက်ပါတယ်။ ခါတိုင်း hollywood ကားတွေ ကုလားကားတွေ ကြည့်လေ့ မရှိတဲ့ သဉ္ဖာတောင် တော်တော် ကြိုက်သွားတဲ့ ကားလေးတွေပါ။ (ကြော်ငြာဝင်တာ…) :D

2 comments:

Wai Yan said...

APOCALYPTO ကကောင်းပါတယ်။ ဒါပေမယ့် ရိုက်ထားတာတွေက တော်တော်လေးကို ရက်ရက်စက်စက်ပြထားတာတွေပါတယ်။ ဥပမာ လူကို အရှင်လတ်လတ် ဗိုက်ကိုခွဲ တာတို့၊ ခေါင်းကိုအရှင်ဖြတ်တာတို့။ ဇာတ်လမ်းကတော့ ကောင်းပါတယ်။ တစ်ချို့တွေအတွက်တော့ သိပ်ကြည့်ရဲကြမှာမဟုတ်ဘူး။

သဉ်ဇာ - Thinzar said...

အင်း.. ကြောက်စရာတော့ ကောင်းတယ်။ ကြောက်လည်းကြောက်တယ်။ ကြည့်လည်း ကြည့်ချင်တော့ မျက်မှန်ချွတ်ပြီး ကြည့်လိုက်တယ်။ သေချာ မမြင်ရတော့ သိပ်ကြောက်ဖို့ မကောင်းတော့ဘူး။ :D

Post a Comment

Please feel free to use any font to comment :)