Installation ceremony for 13th king

၂၆ ရက်နေ့ (ကြာသပတေးနေ့) က မလေးရှားရဲ့ public holiday ပါ။ ဘာကြောင့်လဲဆိုတော့ ဘုရင် အသစ်တက်လို့ပါ။ မလေးရှားမှာ ပြည်နယ် ၁၄ခုရှိတဲ့ အနက် ပြည်နယ် ၉ခုမှာ အခုထိ ဘုရင် တွေအုပ်ချုပ်ပါသေးတယ်။ သူတို့ကတော့ Sultan လို့ ခေါ်ပါတယ်။ အဲဒီ ဘုရင် ၉ပါးထဲကမှ ငါးနှစ်တစ်ကြိမ် တစ်ပါးစီ အလှည့်ကျ အကြီးဆုံး ဘုရင် အဖြစ် တင်ပါတယ်။ အဲဒီ ဘုရင် အကြီးဆုံးကိုတော့ Agong လို့ ခေါ်ပါတယ်။ အခုတစ်နှစ် Agong အဖြစ် အလှည့်ကျသူကတော့ Terangganu ပြည်နယ်ရဲ့ Sultan ပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဘုရင် အသစ်တက်တဲ့ ပွဲကို သုံးလိုက်တဲ့ term လေးကို အံ့ဩလို့ပါ။ “being installed as 13th Agong” “installation ceremony of the king” တဲ့။ တကယ်ပါ။ ဘုရင်ကိုလည်း install လုပ်ရတယ်ဆိုတာ အခုမှသိလိုက်တာ…
Full article..


Tagged game pool ထဲ ပါခဲ့ရပြန်တယ်

ဒီရက်ပိုင်း မြန်မာ ဘလော့ဂါတွေ tag တမ်း ကစားနေကြပါတယ်။ ကျမလည်း လမ်းလျှောက်ရင် ခြေထောက်ကို တည့်တည့်ထားမှ လျှောက်လို့ရတဲ့ ကိုရန်အောင်ရှမ်းပြည်ကိုကြိုက်တယ်ဆိုတဲ့ ကိုချမ်းမြစိုး နဲ့ ညီမလေးရဲ့ တိုတို တို့ ရဲ့ tag ခြင်းခံလိုက် ရပြီးသကာလ ကိုယ့်ရဲ့ ပုံမှန် မဟုတ်တဲ့ အကျင့်တွေကို ရေးချရန် အကြောင်းဖန်လာပါတော့တယ်။ လူတစ်ကိုယ် စရိုက်တစ်မျိုးပေါ့နော်။

၁၀။ အစားစားတာကနေ စရေးရတော့မှာဘဲ။ တစ်နေ့တစ်နေ့ အများဆုံးလုပ်နေတဲ့ အလုပ်ဆိုတော့။ =) ကျမဟာ အစားဂျီးများတဲ့သူ လုံးဝမဟုတ် ရပါဘူး။ ဒါပေမယ့် ကျမ လုံးဝမကြိုက်တဲ့ ကြက်သွန် family ဝင်တွေက ဟင်းတိုင်းမှာ ပါနေတော့ ကွိုင်ဘဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီး စတဲ့ ဟင်းထဲမှာ ရှုပ်နေတဲ့ အရာတွေ အားလုံးကို လုံးဝစားလို့ မရဘူး။ ဒီတော့ နေ့တိုင်းလိုလို ထမင်းမစားခင် အရင်ဆုံးလုပ်လေ့ ရှိတာကတော့ ဟင်းထဲကနေ မစားတဲ့ အရာတွေကို ဆယ်ထုတ်ပါတယ်။ အားလုံးရှင်းသွားမှ စားပါတယ်။ ခေါက်ဆွဲ စားရင် ဆယ်ယူရေး အချိန် နည်းနည်း ပိုကြာတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာဘဲ။ ဒါကို ဘေးကလူတွေကတော့ ကြည့်လို့ မရကြပါဘူး။ သူငယ်ချင်းတွေကတော့ ကျမကို ဆယ်လွန်းလို့ ကယ်ဆယ်ရေးဌာနမှာ အလုပ်လုပ်ပါလားတဲ့။

၉။ နောက်တစ်ခုလည်း အစားနဲ့ ပါတ်သက်တာဘဲ။ လူတွေ အရမ်းစားတဲ့ ချော့ကလက်ကို ကျမ လုံးဝမကြိုက်တာဘဲ။ ချော့ကလက်စားရင် stress ကျတယ် လို့တော့ ကြားဖူးတယ်။ ကျမကတော့ အဲဒီ ချော့ကလက်ကို စားလိုက်ရင် မရှိတဲ့ stress တွေ ဝင်လာတယ်။ သူငယ်ချင်းတွေကလည်း တွေ့ရင် ချော့ကလက်၊ ချော့ကလက် ရေခဲမုန့်၊ ချော့ကလက် ချိုချဉ်၊ ချော့ကလက် ဝေဖာ၊ ဒါတွေဘဲ စားမလားလို့ လာလာမေးတော့ မကြိုက်ဘူးလို့ ဖြေရင်ဘဲ အူကြောင်ကြောင် လူတစ်ယောက်လို့ အမြဲ အထင်ခံနေရပါတယ်။

၈။ အစားတွေချည်း ဖြစ်နေပြီ။ အခု တစ်ခုကတော့ ကိုယ့်ကိုကိုယ် ပြုပြင်သင့်တဲ့ အကျင့်လို့တော့ သတ်မှတ်ထားပါတယ်။ အသီးအနှံတွေကို အခွံခွာပြီးမှ စားပါတယ်။ ပန်းသီး၊ သစ်တော်သီး အခွံကတော့ လူတိုင်းခွါတာပေ့ါလို့ ဆိုရင် ကျမက ပိုခွာပါတယ်။ လိမ္မော်သီးဆိုရင် အမွှေး တစ်မျှင်မှ မကျန်အောင် ရှင်းမှ စားလို့ ဝင်ပါတယ်။ ဆိုးတာက စပျစ်သီးကို အခွံ ခွာမှ စားပါတယ်။ ဒါတော့ဆိုးတယ်။ လူအများနဲ့စားရင် ငတ်တာ များတယ်။ ကျမ သုံးလုံးလောက် စားပြီးရင် အားလုံး ပြောင်ပြီ။ မခွာရင်လည်း လုံးဝ စားလို့ မရလို့။ ဒုက္ခ.. ဒုက္ခ..

၇။ ညအိပ်ရင် ခေါင်းအုံး နှစ်လုံး မရှိရင် လုံးဝအိပ်လို့ မရဘူး။ ဖက်လုံးတော့ မကြိုက်ဘူး။ အဲဒါကြောင့် ခေါင်းအုံး သုံးလုံး ဝယ်ထားတယ်။ တစ်လုံးက သူများ လာငှားရင် ပေးဖို့။ မဟုတ်ရင် သူငယ်ချင်းတွေ လာငှားတဲ့ နေဆို အိပ်လို့ မရလို့..

၆။ ညညဆို အသံတွေ ကြားနေသမျှ လုံးဝ အိပ်လို့ မရတာ အဆိုးဆုံး ရောဂါပါ။ ဘယ်လောက် အသံတိုးတိုး နားက ကြားနေရော.. အဆောင်မှာနေတော့လည်း လူအမျိုးမျိုး… ညည ရုပ်ရှင် ထကြည့်တဲ့ roommate.. ညည ဖုန်းပြောတဲ့ roommate.. ဒါကြောင့်ဘဲ လူတွေ တော်တော်များများနဲ့ ရန်ဖြစ်ခဲ့ရဖူးတယ်။ ဒီတော့ လူတွေ အားလုံး အိပ်သွားမှ အိပ်ဖြစ်တော့ ညစောစောမအိပ် မနက်စောစောမထတဲ့ အကျင့် ရသွားတာဘဲ။

၅။ စာကျက်ရင်လည်း ပါတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေမှ ကျက်လို့ရတယ်။ ဒါကြောင့် အဆောင်မှာနေတာထက် ခိုက်ခိုက်တုန်အောင် အေးပေမယ့် တိတ်ဆိတ်တဲ့ library ကိုရောက်နေတာက ပိုများပါတယ်။ မှတ်မိသေးတယ်။ ကျမ ၁ဝတန်းဖြေတုန်းက တစ်အိမ်လုံး စကားတိုးတိုးပြောပြီး အသံတိတ် ရုပ်ရှင်ကြည့်တတ်တဲ့ အကျင့် ရသွားကြသေးတယ်။

၄။ တစ်ရက်ကို ၈နာရီပြည့်အောင် အိပ်လေ့ရှိတယ်။ အိပ်ရေးပျက်သွားရင် နောက်နေ့ အစားထိုး ပြန်အိပ်တယ်။ အခုတော့ အိပ်ချိန်ကို တတ်နိုင်သမျှ လျှော့နေပါတယ်။

၃။ တစ်ချို့တွေက ကျမကို အရမ်းစကားများတဲ့ ကောင်မလေးတဲ့။ တစ်ချို့ကြပြန်တော့လည်း အရမ်းအေးလို့တဲ့။ ဒီမှာတင် personality နှစ်မျိုးဖြစ်နေပြီ။ စိတ်ပေါက်ရင် ပေါက်သလို နေပါတယ်။ တစ်ခါတလေ ပေါကြောင်ကြောင်နေပြီး တစ်ခါတစ်လေတော့ ပညာရှိဂိုက် ဖမ်းတတ်ပါတယ်။

၂။ ဆေးထိုးအပ်ကို သူမတူအောင် ကြောက်ပါတယ်။ အခုထိဘဲ…

၁။ အနေအထိုင်ကတော့ ဆင်မယဉ်သာပါဘဲ.. ကိုယ့်ခြေထောက်ထက်ကြီးတဲ့ ဖိနပ်နဲ့ မြေလူးနေတဲ့ ဘောင်းဘီမျိုးကို အရမ်းကြိုက်ပြီး ကားယား ကားယား လမ်းလျှောက်နေတာတွေ့ရင် လှမ်းသာ ခေါ်လိုက်ပါတော့။ လူမမှားစေရဘူး…

ကိုရန်အောင် ပြောသလို DV များ ပေါက်မလားလို့ မနည်းစဉ်းစားရေးလိုက်ရတယ်။ ၁ဝချက်တော့ ပြည့်သွားသားဘဲ။ ပုံမှန်ဟုတ်သော အမူအကျင့်များ ကို ရေးခိုင်းရင်တောင် ၁ဝချက်ပြည့်မှာ မဟုတ်ဘူးလို့ doubt ဖြစ်လာပြီ… =)

ကိုယ် ခံထားရတော့ မထူးဘူးဆိုပြီ်း ဆက် tag ပါ့မယ်။ ကံထူးရှင်တွေကတော့
၁။ မောင်သန့်ဇင်
၂။ မောင်စေတန်ဂေါ့ဒ်
၃။ အိမွန်စိုး

ကဲ… အားလုံးက ကျောင်းသားတွေဆိုတော့ စာပိနေတယ်လို့ အကြောင်းပြရင် စာပိုပိသွားမယ်နော်။ (စာနဲ့ခြောက်မှဘဲ ရမယ့်ပုံဘဲ။) ဤစာဖတ်မိပြီး တစ်ပါတ်အတွင်း အကောင်အထည် ဖော်ကြပေလော့။


CGPA အပေါ် ဆရာများ၏ အမြင်

“Good programmers never do well in class.”

မနေ့က ဆရာတစ်ယောက် ပြောလိုက်တဲ့ စကား တစ်ခွန်းပေါ့။ ဒီလို စကားမျိုး ကြားပေါင်းလည်း များပြီ။ ကြားတိုင်းလည်း စိတ်ဆိုးရပေါင်း မနည်းတော့ဘူး။ တစ်ချို့ တစ်ဝက် ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် စဉ်းစားလေ၊ အဲဒီ စကားရဲ့ အဓ္ဓိပါယ်က

“Those who did well in class can’t be considered as good programmers.” လို့ သက်ရောက်နေသလိုလိုဘဲ။ ပုံစံက ကျောင်းစာကို ပစ်ပြီး ကိုယ်စိတ်ဝင်စားတာကို သွားလုပ်ရမယ့်ပုံ ဖြစ်နေပြီ။

နောက် ဆရာ တစ်ယောက် ရှိသေးတယ်။ သူအမြဲ ပြောတဲ့ စကားက CGPA 3.7 (in 4.0 scale) ကျော်တဲ့ ကျောင်းသားတွေဟာ employee ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူးတဲ့ (IT field မှာ)။ အရင်က သူ ကုမ္ပဏီတွေမှာ interviewer လုပ်တုန်းက CGPA 3.7 ထက်ကျော်တဲ့ သူတွေကို မခေါ်ဘူးတဲ့။ CGPA 3.0 နဲ့ 3.6 အတွင်းရတဲ့ သူတွေဟာ best candidate တွေဆိုဘဲ။ စိတ်လေတယ်။

အဲဒီလိုတွေ ပုံသေလာပြောနေလို့ နဂိုကမှ စာလုပ်ရမှာ ပျင်းရတဲ့ အထဲ ကြိုးစားချင်စိတ်ပါ ပျောက်သွားတယ်။ ဒုတိယ အမြင် နဲ့ စဉ်းစားကြည့်သေးတယ်။ ဒါဆိုရင် CGPA က ဘာကို indicate လုပ်တာလဲ??? ကြိုးစားမှုကိုလား တတ်မြောက်ခြင်းကိုလား။ ဟုတ်တော့ ဟုတ်ပါတယ်။ တစ်ချို့ ဘာသာရပ်တွေမှာ အမှတ်များများ ရသွားပေမယ့် တကယ် တတ်ချင်မှ တတ်သွားတယ်။ တစ်ချို့ ဘာသာရပ်တွေကြတော့လည်း အမှတ် နည်းနည်းဘဲ ရလိုက်ပေမယ့် ကိုယ့်အတွက် အရမ်း အကျိုးရှိသွား တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နာရီ ၄ဝ လောက် အတန်းတက်ပြီး ၃နာရီ စာမေးပွဲ ထိုင်ဖြေလို့ ရလာတဲ့ အမှတ်တွေက အဲဒီလောက်ဘဲ အသုံးမဝင်ဘူးလား။ Bill Gates က university drop out ဆိုပေမယ့် Linus Torvalds နဲ့ Steve Jobs တို့ဟာ PhD holder တွေဆိုတာ ဆရာတွေ မေ့များနေသလား မသိပါဘူး။



နှစ်ခုရွေးပါ

“Fast, cheap, good – choose any two.”

အရင် ငါးလ attachment ဆင်းတုန်းက ကျွန်မရဲ့ supervisor – chief ပရိုဂရမ်မာကြီးရဲ့ လက်စွဲတော် စကား တစ်ခွန်းပါ။ (သူ့ရဲ့ email signature ဆိုရင် ပိုမှန်ပါမယ်။) customer တွေက demand များလွန်းလို့တဲ့။