
၁၉ရာစု မတိုင်ခင်ကတော့ အီရန်ဆိုတာ တစ်ကမာ္ဘလုံးက ပါရှားလို့ဘဲ သိထားတယ်။ ပါရှန်း အင်ပါယာနဲ့ အီရန်နဲ့ အခုမှဘဲ ဆက်စပ်မိတော့တယ်။ ပြီးတော့ အီရန်မှာ နေတာ ပါရှန်းလူမျိုးတွေတဲ့။ အာရပ်နိုင်ငံတွေနဲ့ နီးနေတော့ အာရပ်လူမျိုးတွေများလားလို့ ထင်နေခဲ့တာ။
အဲဒီကောင်မလေးက Esfahan ဆိုတဲ့ မြို့ကပါ။ "Esfahan is half of the world" ဆိုပြီး ဒီမြို့ရဲ့ အလှအပကို ပြင်သစ်စာဆို တစ်ဦးက ဆိုခဲ့ဖူးတယ်တဲ့။ Esfahan မြို့ရဲ့ ဓာတ်ပုံတွေကြည့်ပြီး ပုံပြင်တွေထဲက ပါရှန်း အင်ပါယာကိုတောင် ပြန်မြင်ယောင်လာတယ်။ တို့နိုင်ငံမှာလည်း လှတဲ့နေရာတွေ အများကြီး ရှိပါတယ်ကွယ်။
မှတ်သားစရာ အကောင်းဆုံးကတော့ သူတို့ရဲ့ ရုံးချိန်ဘဲ။ အီရန်က ရုံးတော်တော်များများ မနက်၈နာရီကနေ နေ့လည် ၁၂ နာရီလောက်ထိ အလုပ်လုပ်တယ်တဲ့။ ပြီးတော့ အားလုံး အိမ်ပြန် ထမင်းစားကြပြီး တရေးတမော အိပ်ကြတယ်ဆိုဘဲ။ သူတို့က နေ့လည်စာကို လုံးဝ heavy စားတာ။ ပြီးမှ ညနေ ၄နာရီကနေ ည ၉နာရီလောက်ထိ အလုပ်ဆက်လုပ်ကြတယ်တဲ့။ ဒါကြောင့် နေ့လည်ပိုင်းအချိန်ဆိုရင် မြို့ထဲမှာ လူရှင်းနေတတ်ပြီး ဖျားရင်တောင် ဆေးခန်းကို မနည်း လိုက်ရှာရတယ်တဲ့။ ကမာ္ဘပေါ်မှာ ဒီလိုရုံးချိန်မျိုး ရှိတဲ့ နိုင်ငံရှိတယ်ဆိုတာ အခုမှဘဲ ကြားဖူးတော့တယ်။ ဆိုးတော့ မဆိုးပါဘူး။ ထမင်းစားပြီး ခဏပေးအိပ်လိုက်တော့ အလုပ်ပြန်လုပ်ရင် productivity တက်လာမယ်ထင်တယ်။
နောက်တော့လည်း ဆက်ပြောရင်း သမိုင်းကြောင်းတွေ ရောက်သွားတယ်။ သမိုင်းရေးရင်တော့ ဖတ်တဲ့သူတွေ အိပ်ပျော်သွားလိမ့်မယ်။
ဒီလောက် နိုင်ငံပေါင်းစုံက ကျောင်းသားတွေ ရှိတဲ့ ကျောင်းမှာ လေးနှစ်တက်ခဲ့တာတောင် ကျမရဲ့ ဗဟုသုတက တော်တော့်ကို နည်းနေသေးတယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း...