“Fast, cheap, good – choose any two.”
အရင် ငါးလ attachment ဆင်းတုန်းက ကျွန်မရဲ့ supervisor – chief ပရိုဂရမ်မာကြီးရဲ့ လက်စွဲတော် စကား တစ်ခွန်းပါ။ (သူ့ရဲ့ email signature ဆိုရင် ပိုမှန်ပါမယ်။) customer တွေက demand များလွန်းလို့တဲ့။
“Fast, cheap, good – choose any two.”
အရင် ငါးလ attachment ဆင်းတုန်းက ကျွန်မရဲ့ supervisor – chief ပရိုဂရမ်မာကြီးရဲ့ လက်စွဲတော် စကား တစ်ခွန်းပါ။ (သူ့ရဲ့ email signature ဆိုရင် ပိုမှန်ပါမယ်။) customer တွေက demand များလွန်းလို့တဲ့။
အဲဒီနေ့က အိမ်အပြန် ကျွန်မခြေလှမ်းတွေ လေးလံနေခဲ့တယ်။ ရင်ထဲမှာလည်း ဝမ်းနည်းသလိုလို။ ဝမ်းသာသလိုလိုနဲ့။ ကိုယ့်ကိုလည်း နားမလည်နိုင်ခဲ့ဘူး။ ရှေ့ဆက် ဘာတွေဖြစ်မှာလဲ…
computer science (also engineering, accounting, management, etc.) ကျောင်းသားတွေဟာ Industrial Attachment ကို requirement တစ်ခုအနေနဲ့ လုပ်ကိုလုပ်ရပါတယ်။ တစ်ချို့ကတော့ practical training လို့ခေါ်ပြီး တစ်ချိူ့ကတော့ internship လို့ ခေါ်ပါတယ်။ ဘယ်လို အခေါ်အဝေါ်မျိုးနဲ့ဘဲ ခေါ်ခေါ်၊ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို ဘွဲ့မရခင်မှာ အလုပ်ခွင်နဲ့ ကြိုတင် ရင်းနှီးသွားစေဖို့ပါ။
Attachment မဆင်းခင်က ရည်ရွယ်ချက်တွေဟာ ဝိုးတဝါး … ဟိုယောင်ယောင် ဒီယောင်ယောင်ပေါ့။ networking အတန်းထဲ ရောက်သွားရင် network admin ဖြစ်ချင်သလိုလို၊ system admin ဖြစ်ချင်သလိုလို ထင်ခဲ့သေးတယ်။ Multimedia အတန်းယူတော့လည်း တစ်နေ့မှာ ဒီဇိုင်နာ တစ်ယောက်ရမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ Database Programming သင်ရတော့ DBA ဖြစ်အောင် ကြိုးစားမယ်ပေါ့။ Software Engineering ကိုလဲ မေဂျာအနေနဲ့တော့ ရွေးလိုက်ပါတယ်။ ဒါပေမယ့် networking ကို ပိုခင်တွယ်နေသလိုလို၊ တစ်ခါတလေ web master ဖြစ်ချင်သလိုလို။ ဒီလိုနဲ့ ယောင်ခြောက်ဆယ် IT ကျောင်းသူတစ်ယောက် final year ကို ရောက်လာပါတော့တယ်။
Attachment လုပ်ရမယ်ဆိုတော့ လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ကျောင်းတော်မြေကို ခဏတာ စွန့်ခွါပြီး အလုပ်ခွင်မှာ ကျင်လည်ရပါတော့တယ်။ ကျောင်းက စာမေးပွဲတွေနဲ့ ဘာမှမဆိုင်တဲ့ လက်တွေ့ဘဝကို အမြည်းသဘောအနေ နဲ့ တွေ့ကြုံလိုက်ရပါတယ်။ တခါမှ မထိခဲ့ဖူးတဲ့ .NET နဲ့ C# က ပေးတဲ့ ဒုက္ခတွေကို ခံစားလိုက်ရပြီး ငါးလဆိုတဲ့ အချိန် အပိုင်းအခြား တစ်ခုဟာ ကျွန်မရဲ့ ရည်မှန်းချက်တွေအတွက် မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။ ဒီအတောအတွင်း ကိုယ့်ကိုကိုယ် programmer ယောင်ယောင်နဲ့ နေခဲ့ပေမယ့် လက်တွေ့ဘဝကို ရင်ဆိုဖို့ ကျွန်မမှာ အင်အား မရှိသေးဘူးဆိုတာတော့ အမှန်ပါဘဲ။
အခုတော့ ကျောင်းသားတစ်ယောက်ပြန်ဖြစ်ပါတော့မယ်။ အမှန်ဆို ဝမ်းသာသင့်ပေမယ့် ဝမ်းနည်းသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ အဖြေ ရှာနေဆဲ….