စာရွက် တစ်ပိုင်းက ပေးခဲ့သော သင်ခန်းစာ

ကိုနေဘုန်းလတ် ရေးတဲ့ ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ ဆိုတာကို ဖတ်ရင်း second year တက်တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။

တစ်ရက်ကပေါ့။ ကျူတိုရီရယ် ဖြေမယ်တဲ့။ မေးခွန်းက တစ်ပုဒ်တည်း။ အဖြေကလည်း တကယ်ဖြေရင် စာမျက်နှာတစ်ဝက်လောက်ဘဲ ရှိမယ်။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်း လေးယောက် ဗလာစာအုပ် အလယ်က စာရွက် နှစ်ရွက်ဖြုတ်ပြီး တစ်ယောက်တစ်ပိုင်းစီ လေးပိုင်း ပိုင်းပြီးဖြေကြတာပေါ့။

မြန်မြန် ဆုတ်လိုက်တော့ နည်းနည်းတော့ မညီမညာ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ နောက်နေ့ စာရွက်တွေ ပြန်ပေးတော့ ကျွန်မတို့ လေးယောက်ကို အတန်းရှေ့မှာ ဆူပါလေရော။ ဘလိုင်းကြီးဆိုတော့ ကြောင်သွားတာပေါ့။ သူဘာလို့ စိတ်ဆိုးလည်းဆိုတာကို တော်တော်နဲ့ နားမလည်နိုင်ဘူး။ နောက်တော့မှ အဲဒီလို စာရွက်တစ်ပိုင်းနဲ့ ဖြေတာ သူ့ကို မလေးမစားလုပ်တာပါတဲ့။ ကျွန်မတို့ လုပ်ရပ်က စာကိုလည်း မရိုသေ၊ ဆရာမကိုလည်း မလေးစားတဲ့ လုပ်ရပ်တဲ့။ အဲဒီ စာရွက်ကို ပိုင်းလိုက်တုန်းက သဘောရိုး အမှန်ပါ။ စာရွက်တစ်ရွက်တည်းကို လေးပိုင်းပိုင်းပြီး ဖြေလို့ စိတ်ဆိုးတယ်ဆိုရင် နည်းနည်း ခံသာဦးမယ်။ တက္ကသိုလ် ကျောင်းသူတွေကို လူရှေ့မှာ ဆူတာဟာ သူမှားတာလား ကျွန်မတို့ မှားတာလားဆိုတာ ဝေခွဲလို့ မရခဲ့ပါဘူး။

နောက်ဆက်တွဲကတော့ အမြဲ အတန်းမှန်အောင် တက်လေ့ရှိတဲ့ ကျွန်မတို့တွေ အတန်းလစ်တတ်လာတယ်။ ဆရာမက ကိုယ့်ကို ကြည့်မရတဲ့ ဒဏ်ကို ဘယ်ကျောင်းသားမှ ခံနိုင်မယ် မထင်ပါဘူး။ ကျောင်းသားနဲ့ ဆရာ ကြားမှာ အပြန်အလှန် လေးစားမှုဆိုတာတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဆရာသမားကိုလည်း မပစ်မှား ချင်ပါဘူး။ ရလဒ်ကတော့ အဲဒီ တစ်ဘာသာကို အောင်မှတ်ရအောင် အနိုင်နိုင် ဖြေလိုက်ရပါတယ်။

အမှန်ကတော့ ဆရာသမားဆိုတာ ဘာဘဲ ဖြစ်ဖြစ် လေးစားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ human right ဆိုပြီး အော်နေပေမယ့် ကျွန်မတို့ မြန်မာလူမျိုး တွေကတော့ ဂါရဝတရားကို ရှေ့တန်းတင်ဆဲပါ။ ကျောင်းတက်နေသရွေ ့တော့ မျက်နှာလိုက်တဲ့ဆရာ၊ အမှတ်ပေး ကပ်စီးနည်းတဲ့ ဆရာ၊ စည်းကမ်း တင်းကျပ် ဖြစ်တဲ့ ဆရာ၊ ဇီဇာကြောင်တဲ့ ဆရာ စသဖြင့် ဆရာပေါင်းစုံနဲ့ ကြုံရဦးမှာပါ။ ဆရာတွေလည်း ပုထုဇဉ် တွေပါ။ အခုတော့ semester စတိုင်း စီနီယာတွေဆီက ဆရာတွေ အကြောင်း အရင် စုံစမ်းတာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ဆရာတွေနဲ့ ထိပ်တိုက် မလုပ်တာ အကောင်းဆုံးဘဲလို့ ခံယူထားရင်း…

ဆရာအားလုံးကို အစဉ်အမြဲ လေးစားလျှက်…


နည်းပညာခေတ်တွင် လူ့ဘဝဧ။် အစွန်းရောက်မှ ုများ

နည်းပညာဟာ တစ်ခါတစ်လေ လူတွေကို အစွန်းရောက်စေတယ်တဲ့။ ကိုယ်လဲ ဘယ်လို အစွန်းရောက်နေလဲ ဆိုတာ....(E သည် အီးမေးလ် သုံးစွဲလွန်းခြင်းကြောင့်ဖြစ်ပြီး B သည် ဘလော့ဂ်ရေးလွန်းခြင်းကြောင့်)
အထီးကျန်ဆန်လွန်းခြင်း
E - ဘေးချင်းယှဉ်ထိုင်နေသော်လည်း အီးမေးလ်ဖြင့် ဆက်သွယ်ကြသော လူနှစ်ဦး
B - ဘလော့ဂ် စီဘောက်စ် တွင် ဘယ်သူမှ လာမအော်ကြခြင်း

သူရဲဘော ကြောင်လွန်ခြင်း
E - အီးမေးလ် အပြန်အလှန်ပို့ပြီး ရန်ဖြစ်နေကြသော သူနှစ်ယောက်
B - ဘလော့ဂ် စီဘောက်စ်တွင် ဖိုက်တင်လုပ်ကြသော သူများ

ခိုကိုးရာမဲ့လွန်းခြင်း
E - တစ်ပါတ်အတွင်း အီးမေးလ် တစ်စောင်မှ မရပါသည့် ခံစားချက်
B - မိမိရေးထားသော ဘလော့ဂ်ပို့စ်များကို တစ်ပါတ်အတွင်း မည်သူမျ ကောမန့် လာမချခြင်း

အလွန်အမင်း စိတ်ရှုပ်စရာကောင်းခြင်း
E - …အီးမေးလ် ဆာဗာ ဒေါင်းနေလျှင်…
B - ဘလော့ဂါ ကို ဘန်းလိုက်လျှင် ကျော်ခွဝင်ရန် စဉ်းစားရခြင်း

နမော်နမဲ့ နိုင်လွန်းသူ
E- ရည်းစားစာရေးပြီး အီးမေးလ်ဖြင့် ပို့မည်ကြံကာ အားလုံးသို့ မှားပို့မိသောသူ
B - ဘလော့ဂ် အများကြီး တစ်ပြိုင်တည်း ဖွင့်ထားသောကြောင့် စီဘောက်စ်မှား၍ မဟုတ်မဟတ် ရေးမိသူ (ကောမန့်က ဖျက်လို့ ရသေးတယ်။)

အောင်မြင်မှ ုကြီး တစ်ရပ်
E - ကောင်မလေးတစ်ယောက်ထံမှ သူငယ်ချင်း ဖြစ်ချင်သည်ဆိုသော အီးမေးလ် ပြန်စာ ရရှိခြင်း
B - comment သို့မဟုတ် hitပေါင်း ရာကျော်သွားခြင်း

အလုပ်မရှိသူ
E - ကိုယ့်ကို ကိုယ် အီးမေးလ် ပြန်ပို့နေသောသူ
B - ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ကိုကိုယ် anonymous အနေဖြင့် comment ပြန်ပေးနေသူ

ကွန်ပျူတာ ရောဂါ
E - ရေကူးရင်း ရေနှစ်သွားသော် ကယ်ပါဟု မအော်ဘဲ F1 F1 ဟု အော်နေသူ
B - ဘလော့ဂ်ဂါရောဂါ လို့ခေါ်ရမယ်။ A blog post a day, keep the doctor away ဟု ယုံကြည်နေသူ

တစ်ဖက်သတ် ခင်မင်လွန်းခြင်း
E - ငါကတော့ အီးမေးလ် အမြဲပို့ပေမယ့် နင်က ဘယ်တော့မှ စာမပြန်ဘူး။
B - ငါကတော့ သူပို့စ်တင်တိုင်း အမြဲဖတ်ပြီး ကောမန့်ပေးတယ်။ သူကတော့ ငါ့ဘလော့ဂ်ကို လှည့်တောင် မကြည့်ဘူး။

အလွန်အားနေသူ
ဒီလိုစာတွေကို အချိန်ကုန်ခံပြီး လိုက်ဖတ်နေသူ

အလုပ်မရှိ အလုပ်ရှာသူ
အလုပ်တွေ ပြီးအောင်မလုပ်ဘဲနှင့် ဘလော့ဂ်တွင် စာတင်ရန် အီးမေးလ် တစ်စောင်ကို ထိုင်၍ ဘာသာပြန်နေသော ကျွန်ုပ်..
(Email တစ်ခုမှ ရသော ဟာသတစ်ခုကို ဘာသာပြန်၍ ဘလော့ဂ်ဂါမှ ု ပြုထားခြင်းဖြစ်ပါသည်။)
ဖတ်ပြီး ထပ်ဖြည့်ပေးချင်တာလေးတွေ ရှိရင်လည်း ထပ်ဖြည့်ပေးသွားကြပါ။
Original version ဖတ်ချင်တယ်ဆိုရင်...

EXTREME OF ISOLATION:
Two persons sitting side by side using emails to communicate with each other.
EXTREME OF COWARDICE:
Two persons fighting through emails.
EXTREME OF HELPLESSNESS:
Receiving no emails for a week.
EXTREME OF FRUSTRATION:
The email server being down.
EXTREME OF CARELESSNESS:
Writing a love mail and doing a 'Send All.'
EXTREME OF ACHIEVEMENT:
A person sending email to a girl wanting to become friends and getting a reply.
EXTREME OF TIMEPASS:
A person sending email to himself.
EXTREME OF BROWSING:
Ur swimming in the water tank and shout "F1 F1 F1?" instead of shouting "HELP" when u are unable to swim..
EXTREME OF MY FRIENDSHIP:
I always mail, u don't.
EXTREME OF HAVING NO WORK:
You reading such mails.



စိတ်ညစ်ဖို့ကောင်းတဲ့သတင်း

ပြောရဦးမယ်။ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်။ အရင်တစ်ပါတ် တနင်္လာနေ့ကပေါ့(မတ် ၂၆)။ အဖိုးကြီး တစ်ယောက်က ဟောင်ကောင်မင်းသား Andy Lau (Liu De Hua) ကို အရမ်းကြိုက်တဲ့ သမီးကြောင့် ရေထဲခုန်ချပြီး suicide လုပ်သွားတယ်တဲ့။
သူ့သမီး Andy Lau ကို တတိယ အကြိမ် တွေ ့ဖို့အရေး သူ့မှာ အိမ်တွေဘာတွေ ရောင်းပြီး မြို့တက်လာပါရော။ အဲဒါကို သူ့သမီးက မင်းသားနဲ့ ခဏလေးဘဲ တွေ ့ပြီး ဓာတ်ပုံဘဲ ရိုက်လိုက်ရလို့ အဖိုးကြီးက မကျေမနပ်နဲ့ ကိုယ့်ကို သတ်သေသွားတာ။ (မဟုတ်ရင်လည်း သူ့မှာ သူ ့သမီးကို ရောင်းပြီးပေးစရာ ဘာမှ မကျန်တော့လို့။ ကျောက်ကပ်တစ်ဖက်ကိုတောင် သွားရောင်းဖို့ ကြိုးစားသေးတယ်ဆိုဘဲ။) တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ အဖေကော သမီးကော။ ဒါတောင် အဖေက အငြိမ်းစား ကျောင်းဆရာ။ သူ ့သမီးကိုတောင် နိုင်အောင် ဘာလို့ မဆုံးမနိုင်ရတာလဲ မသိပါဘူး။ သူ ့အမေက ပါသေးတယ်။ သူ ့ယောကျာ်း သေရတာဟာ Andy Lau ကြောင့်လို ့မီဒီယာ ကို ကြေငြာတယ်။ မင်းသားခမျာ သနားစရာ။
သူ့လိုမျိုး မင်းသားရူးရူးတဲ့ သူတွေ အကြောင်းကို sina.com က minisite တစ်ခု တောင် ဖွင့်ပြီး ရေးပြထားတယ်။
မလွယ်ပါလားနော်။eek

တွေ ့ရကြုံရ (၂)

တစ်နေ့ ထိုင်းကလာတက်တဲ့ ကျောင်းသားတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဟောင်းအာယူ၊ ဘာညာတွေပြီးတော့ ထုံးစံအတိုင်း ဘယ်နိုင်ငံကလဲလို့ မေးတာပေါ့။ မြန်မာဆိုတာနဲ့ သူကပြောတယ်။ သူ မြန်မာစကား နည်းနည်းပါးပါး သိတယ်တဲ့။ ကဲဒါဆို how are you ကို ဘယ်လိုပြောမလဲ ဆိုတော့ သူကဖြေတယ်။ ဒါလေးများ သိတာပေါ့။ “ထမင်းစားပြီးပြီလား” တဲ့။ မှတ်ကရော.........

(အမှန်ကတော့ အဲဒီစာကြောင်းရဲ့ အဓိပ္ပါယ်ကို သူမသိပါဘူး။ မြန်မာတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ ့ရင် “နေကောင်းလား” ထက် “ထမင်းစားပြီးပြီလား” လို့ မေးလေ့ ရှိကြတာကိုး။)