အင်တာနက်ထဲမှာ “Chinese-style steamed fish” recipe ဆိုပြီး ရှာလိုက်တော့ တော်တော်များများ တွေ့လာတယ်။ အဲတာတွေထဲက ကောင်းမယ်ထင်တဲ့ အချက်လေးတွေ ရွေးပြီး စိတ်ကြိုက်လုပ်လိုက်တာ တော်တော်တော့ စားကောင်းသွားတယ်။ (ပဲငံပြာရည် နည်းနည်းများသွားတာကလွဲရင်)။ ငါးက ပေါင်းအိုးထဲ မဆန့်လို့ ခေါင်းဖြတ်လိုက်ရတယ်။
ပါဝင်သော ပစ္စည်းများ
ငါးတစ်ကောင် (ပုံထဲက Ikan Siakap။ မြန်မာလို ကကတစ် ငါးလို့ခေါ်တာထင်တယ်။)
ကြက်သွန်ဖြူ ၅မွှာခန့်
ဂျင်း တစ်တက်
ငရုတ်သီးစိမ်း ၃တောင့်
နံနံပင် တစ်စည်းခန့်
စပါးလင် ၂တက်
ပဲငံပြာရည် အကြည်
ဆီ ၂ဇွန်း (လက်ဖက်ရည်ဇွန်း)
နှမ်းဆီ အနည်းငယ်
ကောက်ညှင်းမှုန့် ၂ဇွန်း
ဆား
ပြင်ဆင်ခြင်း
ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင် တစ်ဝက်၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
ကျန်နံနံပင် တစ်ဝက်ကို ငါးအပေါ်မှ အုပ်ရန် ဖယ်ထားပါ။
စပါးလင် ၂တက်ကို ဓါးပြားရိုက်ထားပါ။
ငါးပေါင်းရန်
ငါးကို ဓားဖြင့်မွမ်းပြီး ဆားနယ်၍ နာရီဝက်ခန်၌ထားပါ။ ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ခုနက ပါးပါးလှီးထားတဲ့ အဆာ(ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်) အနည်းငယ်ကိုခင်း၊ တစ်ချို့ တစ်ဝက် နဲ့ စပါးလင် ကို ငါးဝမ်းဗိုက်အတွင်းသွတ်ပြီး ၁၀မိနစ်ခန့် ပေါင်းပါတယ်။ ငါးပေါင်းတာ ကျက်သွားပြီဆိုရင် ငါးပေါင်းကနေ ထွက်လာတဲ့ အရည်တွေကို သွန်လိုက်ပြီး ငါးကို ပန်းကန်တစ်ချပ်မှာ ထည့်ထားပါ။
အနှစ်ပြုလုပ်ခြင်း
ဆီလက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ကို ပူလာအောင် တည်ပြီး ဂျင်းနှင့် ကြက်သွန်ဖြူ အနည်းငယ်ကို စက္ကန့် ၂၀ ခန့် အပူပေးပြီး ငါးအပေါ်ကို လောင်းချလိုက်ပါ။
ထို့နောက် ရေအေးဖြင့်ဖျော်ထားသော ကော်မှုန့် ၂ဇွန်းခန်၌ကို ပွက်အောင် တည်ပါ။ ပွက်လာလျှင် ပဲငံပြာရည်အကြည်၊ နှမ်းဆီ အနည်းငယ်၊ ကျန်နေသော အဆာ (ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီး)နှင့် စပါးလင်တို့ကို ထည့်၍ ပွက်လာလျှင် ငါးအပေါ်သို့ လောင်းချလိုက်ပါ။
(သဉ္ဇာ့အမေကတော့ စားရတာ ပေါ့လို့ဆိုပြီး သံပုရာသီး ညှစ်ပါတယ်။ Original Recipe ထဲမှာတော့ သံပုရာသီး ညှစ်တဲ့ အဆင့် မပါဘူး။)

လုပ်ရတာ မခက်တော့ အရသာရှိတဲ့ ငါးပေါင်းတစ်ခွက် ထွက်လာမှာပါ။
သူတို့ပြောတဲ့ လျို့ဝှက်ချက်
၁။ ငါးပေါင်းလို့ထွက်လာတဲ့အရည်ကို ပြန်မသုံးပါနဲ့။ လူတော်တော်များများက ငါးပေါင်းရည်မှာ အရသာနဲ့အာဟာရဓါတ်တွေ ပါတယ်လို့ ယူဆကြပေမယ့် အမှန်မှာ ငါးပေါင်းရည်ဟာ အနံ့အနည်းငယ် ညှီတဲ့အတွက် ငါးပေါင်းရဲ့ အရသာကို ပျက်စေပါတယ်။
၂။ ပဲငံပြာရည်အကြည်ရဲ့ အရသာကို အနှစ်အတွက် အဓိက သုံးပါတယ်။
၃။ လူအစုက ဆီထည့်လေ့မရှိပေမယ့် ဆီသတ်ပြီး လောင်းချလိုက်တဲ့ ဆီပူပူဟာ ငါးပေါင်းရဲ့ အနံ့အရသာကို ပိုပြီး ပြည့်စုံစေတာကို တွေ့ရပါလိမ့်မယ်။

ပဲငံပြာရည်ကတော့ မြန်မာပြည်မှာ အမြဲသုံးနေတာဘဲ အရသာရှိသလိုဘဲ။ ဒီက ပဲငံပြာရည်တွေက အချိုများလွန်းတယ်။ ဒီ Lee Kum Kee တံဆိပ်တော့ မဆိုးဘူး။ အရင်နှစ်အထိ မြန်မာပြည်ပြန်တိုင်း ပဲငံပြာရည် သယ်ရတာ အလုပ်တစ်ခု :D
(အရင်ပို့စ်ကို NHM Writer နဲ့ ရေးပေမယ့် ခုပို့စ်တော့ လက်ကွက်ကျင့်ကြည့်မယ်ဆိုပြီး Keyman နဲ့ ရိုက်ကြည့်တယ်။ ရရစ် အရင်ရေးပြီးမှ အက္ခရာ ရေးတာ အကျင့်ပါနေတော့ စာရေးရတာ နည်းနည်းထောက်တယ်။ ပြီးတော့ ယပလက်ရယ် ဂငယ် ရယ် ဝလုံးရယ် ခဏခဏ ပြန်ရှာရတာကလွဲရင် ကျန်တာ အားလုံး အဆင်ပြေတယ်။ တစ်ပုဒ်လောက် ရေးပြီးတာနဲ့ ကီးဘုတ်ကို တော်တော်ကြိုက်သွားတယ်။)