
Happy Birthday ခိုင်စု!!
အမြဲ တခစ်ခစ် ရယ်နေတတ်သော ချစ်သူငယ်ချင်း၊ အသက် (၁၁ x ၂) နှစ် မြောက် မွေးနေ့ အမှတ်တရ
စာတွေ ပေတွေ ရေးပြီး ဆုမတောင်းပေးတတ်ပေမယ့် "မွေးနေ့မှာ ပျော်ရွှင်ပါစေ" ဆိုတဲ့ wish လည်း ဆုတောင်း အရှည်ကြီးတွေကို မှီနိုင်ကောင်းပါရဲ့။
တောင်ကြီးကနေ မကွေးကို တိုုက်ရိုက် ရောက်တာ ဒီကားမျိူးဘဲ ရှိသတဲ့။ တော်တော့်ကို အားမွေးပြီး ကားပေါ် တက်လိုက်ရတယ်။ ကားထဲမှာလည်း ခြေချစရာနေရာတောင် မရှိအောင် ကုန်တွေ အပြည့်တင်ထားတော့ ကိုယ့်နေရာကိုယ်ရောက်အောင် မနည်း ကုန်းကွပြီး သွားရတယ်။ လမ်းခရီးကအကြောင်းတော့ ထွေထွေထူးထူး ရေးမနေတော့ပါဘူး။ ကုန်အပြည့်တင်ထားတဲ့ ဒီလိုကားမျိုးထဲမှာ လူကလည်း အပြည့် အဲယားကွန်းလည်းမပါဆိုတော့ ဘယ်လောက်ပျော်ဖို့ ကောင်းမလဲဆိုတာ စဉ်းသာ စားကြည့်ပါတော့။ (လူသာ အရည်ပျော်တတ်ရင် ပျော်သွားပြီ။)
ဒီလိုနဲ့ ညနေ ၃ နာရီလောက် တောင်ကြီးကနေထွက်ခဲ့တာ နောက်နေ့မနက် ၆နာရီလောက်ကြတော့ မကွေးတိုင်း အဝင်ကို ရောက်လာခဲ့တယ် ဆိုပါတော့။ တစ်နေရာရောက်တော့ ကားက တုန့်ကနဲ ရပ်သွားပြီး အပြင်ဖက်က ဆူဆူညံညံတွေ ကြားလိုက်ရတော့ အိပ်ငိုက်နေတဲ့ မျက်လုံးကို မနည်းဖွင့်ပြီး စူးစမ်းရပြန်တယ်။ လားလား.. အရှေ့ဖက်မှာ နုန်းတွေ ပြည့်နေတဲ့ ချောင်းတစ်ချောင်း ကို တွေ့တယ်။ ရေတော့ မရှိဘူးပေါ့။ ဒေါင်းသေချောင်းလို့ ခေါ်တယ်ဆိုဘဲ။ ကားကို အရှိန်မြှင့်ပြီး အဲဒီချောင်းကို ဖြတ်မောင်းရတယ်။ မိုးအရမ်းကြီးပြီး ချောင်းထဲမှာ ရေပြည့်နေရင် အဲဒီရေတွေ မကျသွားမချင်း ကားတွေ အားလုံးတန်းစီ စောင့်ရတယ်တဲ့။ အခုတော့ ချောင်းကူး တံတား စီမံကိန်း စနေပါပြီ။
မနက် ရနာရီလောက်မှာ မကွေးမြို့ကို ရောက်သွားပါတယ်။ တော်တော်ခရီးပန်းနေတဲ့ ကြားက ကျမကို မပြုံးဘဲ မနေနိုင်အောင် ဖမ်းစားလိုက်တာကတော့ “တုတ်တုတ်” လို့ ခေါ်တဲ့ သုံးဘီး ဆိုင်ကယ်လေးတွေပါဘဲ။ အဲဒီ “တုတ်တုတ်” ဆိုတာ ဘဝမှာ အခုမှ ကြားဖူးတာဆိုတော့ တော်တော်ကြာကြာအထိ အူနှိပ်ရယ်နေမိတယ်။ “တုတ်တုတ်” “တုတ်တုတ်” -- နာမည်ကတော့ ချစ်စရာလေး။ (နောက်တော့ သူများ ပြောပြမှ သိတယ်။ ထိုင်းနိုင်ငံမှာလည်း ဒါမျိုးရှိပြီး သူတို့လည်း “တုတ်တုတ်” လို့ ခေါ်တယ်တဲ့။)
ဒရိုင်ဘာကို နည်းနည်း စပ်စုကြည့်လိုက်တော့ အဲဒီ “တုတ်တုတ်” တွေကို ရေနံချောင်းမြို့က စက်မှုဇုံက ထုတ်လုပ်တာလို့ သိရပါတယ်။
ဧရာဝတီမြစ် နဲ့ ဧရာဝတီ တံတား ပုံကိုတော့ အမှတ်တရ ရိုက်ခဲ့လိုက်တယ်။ တံတားရဲ့ တစ်ဖက်ခြမ်းမှာ မင်းဘူးမြို့ ရှိပါတယ်။
မြန်မာပြည် အလယ်ပိုင်း အလွန်ပူပြင်းတဲ့ နေရာမှာ ဒီလို စိမ်းလန်းစိုပြည်နေတဲ့ နေရာကိုတွေ့တော့ ကြည်နူးစရာဘဲ။ (မြို့အပြင်ဘက် ဆေးတက္ကသိုလ်သွားတဲ့လမ်းပါ။) အပင်နာမည်တော့ မေ့သွားပြီ။ ပန်းနီနီရဲရဲ လေးတွေ ပွင့်နေပါတယ်။ (စိန်ပန်းနီ လိုလိုဘဲ။)
မကွေးမြို့ကို တော်တော် စည်ကားသွားစေခဲ့တာကတော့ မကွေးဆေးတက္ကသိုလ် ပါဘဲ။ မြန်မာပြည်ရဲ့ စတုတ္ထမြောက် ဆေးတက္ကသိုလ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းကလွဲရင် ကျန်တဲ့ တိုင်းနှင့်ပြည်နယ်က ကျောင်းသားတွေကို အနာဂတ်ဆရာဝန်လောင်းများအဖြစ် လေ့ကျင့် သင်ကြားပေးမယ့် နေရာလေးပေါ့။
တစ်ခြားနည်းတွေတော့ ရှိရင် ရှိပါလိမ့်မယ်။