Tuesday, August 4, 2009

Random Diary, Flashget n Facebook Privacy setting

ဘလော့ဂ်မှာ ပို့စ်မတင်ဖြစ်တာ ကြာပြီ။ တစ်ခုခုကို တစိုက်မတ်မတ် ရေးဖို့ထိုင်လိုက်တိုင်း ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အချိန်တွေ တော်တော်များများ ဘာအတွက် ကုန်နေမှန်းတောင် မသိတော့ဘူး။ ဘလော့ဂ်ရေးဖို့ထိုင်တော့ ရေးချင်တာတွေက များနေတယ်။ ဒါကြောင့် အားလုံးပေါင်းပြီး တစ်ခုတည်း ဖြစ်အောင် ရေးလိုက်တယ်။

Random Diary
အခုတလော ရုံးမှာလည်း တောက်တိုမယ်ရ လုပ်တဲ့လူ ဖြစ်နေတယ်။ ပရောဂျက် အကြီးတွေ ပြီးသွားပြီး နောက်တစ်ခုကလည်း requirement gathering အဆင့်မှာဘဲဆိုတော့ နည်းနည်း အားသလိုလို ဖြစ်သွားတယ်။ ဒါကို မမြင်ရက်တဲ့ ရုံးကလူတွေက ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းပါရော။ ဒါက ပိုဆိုးသွားပြီး ပုံမှန်ထက် ပိုအလုပ်ရှုပ်သွားတယ်။

A: အရင်တစ်နှစ်က handover လုပ်လိုက်တဲ့ ပရောဂျက်လေ မှတ်မိသေးတယ်မလား။ request တစ်ခု ထပ်တောင်းနေလို့။ သိပ်မခက်ဘူး။ ခဏလုပ်ပေးလိုက်နော်။ နောက်ဆုံးအနေနဲ့ လုပ်ပေးလိုက်။ နောက်တစ်ခေါက်ဆို ပိုက်ဆံတောင်းရမယ်။
ME: ဟုတ်ကဲ့။ (ဒီလောက်ကြာပြီ။ မနည်းပြန်စဉ်းစားရမယ်။)
B: အခုလောလောဆယ် ဘာပရောဂျက်မှ မကိုင်ထားဘူးမလား။ ရုံးမှာ အလုပ်သင်တစ်ယောက် လာလိမ့်မယ်။ သူ့ကို နောက်လုပ်မယ့် project ထဲထည့်ရမယ်။ အဲဒီတော့ ASP.NET နဲ့ C# ကို ရှင်းပြထားလိုက်။
ME: ဟုတ်။ (အဲဒါမှ ဒုက္ခ။ အဲဒီ ASP ကို မကိုင်တာ ၈လလောက် ရှိပြီဆိုတော့ မေ့တေ့တေ့တောင် ဖြစ်နေပြီ။)
C: customization တစ်ခုလုပ်နေတာ cron tab ဘဲ ရေးဖို့ကျန်တော့တယ်။ class တစ်ခုနဲ့ batch file တစ်ခု ခဏရေးပေးနော်။ UAT က သောကြာနေ့။
ME: ဒီနေ့ဘဲ အင်္ဂါရှိနေပြီ။ ဟူး…
D: Data Export အတွက် Script ပြီးတော့မှာလား။ ဒါပေမယ့် အရင် ရေးထားတဲကတစ်ခုက အရမ်း error prone ဖြစ်တယ်။ Stored Procedure နဲ့ရေးလိုက်။ customer ကတော့ မေးနေပြီ။ ဘယ်တော့ ပေးမှာလဲတဲ့။ နောက်တစ်ပါတ်လို့ ပြောထားတယ်နော်။
ME: ဟ….ု …တ်…
E: ဒီ .NET နဲ့ ရေးထားတဲ့ Module တစ်ခုက ခဏခဏ refresh လုပ်ရတော့ အရမ်းနှေးနေလို့ Javascript နဲ့ ပြောင်းရေးလိုက်ပါ။
ME: (ဘာမှ မပြောနိုင်တော့ဘူး။ ပြုံးပြီးတော့ဘဲ ခေါင်းညိတ်လိုက်တယ်။)
အဲဒါအပြင် bug-fixing လုပ်ခိုင်းထားတဲ့ customer တွေကလည်း ဘယ်တော့ပြီးမလဲ တဂျီဂျီ အီးမေးလ်ပို့နေသေးတယ်။ လူကတော့ မူးချာလည်နေတာဘဲ။

Flashget
ဖိုင်အကြီးကြီးတွေကို ဒေါင်းလုတ်လုပ်ရင် အရင်က Internet Download Manager သုံးဖြစ်ပေမယ့် အခု အလကားရပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ Flashget ကို ပြောင်းသုံးနေတယ်။ http://www.flashget.com/en/download.htm မှာ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ (4.5MB)

Facebook Privacy Setting
တစ်ရက် သူငယ်ချင်း တစ်ယောက်က မေးတယ်။ သူ့ကို Facebook မှာ IQ Quiz ဖြေဖို့ challenge လုပ်ထားတယ်မလားတဲ့။ အစက နည်းနည်း ကြောင်သွားတယ်။ ကိုယ်က quiz ဖြေရတာ ဝါသနာ ပါပေမယ့် တစ်ခါမှတော့ ယောင်လို့တောင် challenge ဆိုတာ သွားမနှိပ်မိဖူးပါဘူး။ တစ်ခုခုတော့ မှားနေတယ်လို့ ထင်လိုက်တယ်။ ကိုယ်လည်း တစ်ခါတစ်လေ “Your friends challenge you to take IQ Quiz” ဆိုပြီးတော့ သူငယ်ချင်းတွေ ဓါတ်ပုံနဲ့ rank တွေကို မြင်ဖူးတယ်။ ဒီနေ့တော့ ဒီဆောင်းပါး ကို ဖတ်ပြီးမှ ဇာတ်ရည်လည်သွားတော့တယ်။ ကျမတို့ Facebook အကောင့်ဖွင့်တုန်းက ပေါ့ပေါ့ဆဆဘဲ ရှိသမျှကို OK လုပ်ပြီး Register လုပ်ခဲ့တယ်လေ။ အမှန် သူ့ရဲ့ terms and condition မှာ “3rd party ကြော်ငြာတွေမှာ ထည့်သုံးရင် သုံးမယ်။” ဆိုပြီး ရေးထားတာကို ကျမတို့ သတိမထားမိခဲ့ဘူး။ ဆောင်းပါးရှင်ပြောသလိုသာ dating site မှာ ကိုယ့်ပုံသွားပေါ်နေရင် မခက်လား။ အနည်းဆုံးတော့ အထင်လွဲခံရနိုင်တယ်။ IQ QUIZ ကြော်ငြာမှာ သွားပေါ်လို့ တော်သေးတာပေါ့။ “3 friends have a crush on you” ဆိုတာမှာ ကိုယ့် profile သွားပေါ်ရင် မလွယ်ဘူး။ အဲဒီလို ကြော်ငြာတွေမှာ မပါချင်ရင် Settings -> Privacy -> News Feed and Wall -> Facebook Ads -> Appearance in Facebook Ads မှာ "no one" ဆိုတာကို ရွေးပြီး Save လုပ်လိုက်ပါတဲ့။

13 comments:

potato said...

yeah.. i also got one notification that is challenges from my fri. So i asked him then he said.. No he didn't. i still thought he was joking. The next day, one of my fri also asked my why i challenged her. In fact, i didn't.

Then i realize that facebook is sending notification to random people.

Anyway, thx for sharing.
Gd day!

An Asian Tour Operator said...

Nice post after a month Ah :)

သဉ္ဇာ - Thinzar said...

Potato>> yea..when i saw my friends's challenges for the first time, I felt quite starnge, but i didn't ask them. Realize the fact only after when i'm being asked the same question. :)

Asian Tour Operator>> actually 2 months :D the longest break from blogging ever. thanks for dropping by.

khin oo may said...

good

စန္ဒကူးမေ said...

thinzar ပြောတဲ့အတိုင်းလိုက်လုပ်တယ်..
ဒီလိုမျိုးပေါ်လာတယ်..
Worried about privacy? Your photos are safe.
There have been misleading rumors recently about the use of your photos in ads. Don't believe them. These rumors were related to third-party applications, and not ads shown by Facebook. Get the whole story at the Facebook Blog, or check out the Help Center.

သဉ္ဇာ - Thinzar said...

ma kom>> :)
စန္ဒကူးမေ>> သဉ္ဖာလုပ်တုန်းကတော့ အဲလို မပေါ်ဘူး။ ကြည့်ရတာ ဟိုလူကြီး article ရေးပြီး ပြောင်းတဲ့သူတွေ များလွန်းလို့ထင်တယ်။ ပိုပြီး သေချာအောင် ပြောတာနေမယ်။

မနောသား said...

မင်္ဂလာပါ ခင်ဗျာ .. နည်းပညာ ဗဟုသုတ စာပေများ လေ့လာသွားပါတယ် .. ပျော်ရွင်ပါစေ ..

ခင်မင်စွာဖြင့်

မနောသား

မိုးသွေးငယ် said...

ရောက်ခဲ့တယ်ဗျ။
ဘယ်နားရေးရမှန်မသိလို့
ဒီနားမှာ ရေးခဲ့တယ် အမှတ်တရပေါ့ဗျာ။
ခင်မင်မှု့ဖြင့်
အားလုံးကိုပျော်စေချင်တဲ့

သီဟသစ် said...

မသဉ္ဇာရေ

စာလာဖတ်သွားတဲ့ အတွက် တကယ်ကျေးဇူးပါဗျာ။ ကျွန်တော် ဘလော့မရေးခင်ကတည်းက မသဉ္ဇာ့ဘလော့ကို ဖတ်ဖြစ်ခဲ့တာပါ။

နောက်ပိုင်းဘလော့ရေးဖြစ်တော့မှ စာဖတ်အားကျသွားလို့ မရောက်ဖြစ်တာပါ။

Facebook Privacy Setting အတွက် thanks ပါဗျာ
:)

ခင်မင်စွာဖြင့်
သီဟသစ်

အိုက်ခီလောက် said...

အမရေ တောင်ကြီးသားတွေ ထဲမှာ အမကိုထည့်ထားပါတယ်
မောရှမ်းမြေ ဆိုဒ့်လေးမှာပါ
အားရင်လာပြီး အားလေးထည့်ပေးပါအုန်းလို့ တောင်းဆိုပါတယ်ဗျာ
အမလင့်လေးကိုလည်းချိတ်ထားပါတယ်
လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်
http://mawshanmyay.org/

သဉ္ဇာ - Thinzar said...

မနောသား>> မင်္ဂလာပါ.. :)

မိုးသွေးငယ်>> စီဘောက်စ်မရှိတော့ ကောမန့်ဘဲ ရေးလို့ရတာ အားတော့နာပါတယ်။ ဒါပေမယ့် အမှတ်တရ ဖြစ်တာပေါ့ :)

ကိုသီဟသစ်>> သဉ္ဖာက သိပ်လည်း မရေးတော့ ငါးလမှ တစ်ခါလောက် လာဖတ်ရင်တောင် ပို့စ် ၅ခုလောက်ဘဲ ဖတ်စရာရှိမှာ။ ကိုသီဟသစ်ဘလော့ဂ်တော့ ဖတ်စရာစုံတဲ့အတွက် feed ယူထားလိုက်တယ်။

အိုက်ခီလောက်>> လင့်ခ်ချိတ်ထားပေးတဲ့အတွက် ကျေးဇူးပါ။ မောရှမ်းမြေဘလော့ဂ်ကို မကြာခဏ ရောက်ဖြစ်ပါတယ်။ အချိန်ရရင် ဝင်ရေးပါဦးမယ် :) (အိုက်ခီလောက် ဆိုတဲ့နာမည်တော့ taunggyi family email group ထဲမှာ မကြာခဏ ဖတ်မိလို့ ရင်းနှီးနေတယ်။)

dr-nelly said...

hey.. how r u, Thinzar?? why so silent for blog posting??? busy??? sorry,, very bad connection from myanmar,, as u know.. thats why i didnt appear oline

သဉ္ဇာ - Thinzar said...

dr-nelly>> so impressed to get a comment from u, from nativeland :D (yea..i know how hard it is to be online from there) being silent from blog posting coz just getting so lazy lately ;-)